Connect with us

Politics, Law & Military

HKSAR အတွက် အမျိုးသားလုံခြုံရေးဥပဒေအပေါ် ကောလာဟလများ ၊ လုပ်ကြံဇာတ်လမ်း(၉) 

တရုတ်နိုင်ငံတောင်ပိုင်း ဟောင်ကောင်ရှိ ဗစ်တိုးရီးယားဆိပ်ကမ်းအနီးရပ်နားထားသော သင်္ဘောတစ်စီးပေါ်တွင် ဇူလိုင် ၁ ရက်က အမိမြေသို့ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၃ နှစ်မြောက်အထိမ်းအမှတ် စာတမ်း ဂုဏ်ပြု ချိတ်ဆွဲထားစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)

အချို့သော အမေရိကန် နှင့် အနောက်တိုင်း နိုင်ငံရေးသမားများက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ ပြဌာန်းမှုအပေါ် ဆန့်ကျင်သည့် မှားယွင်းသော စွပ်စွဲချက်များကို မကြာသေးမီကပြုလုပ်ခဲ့ကြသည်။ ၎င်းတို့ဖြန့်ဝေခဲ့သော ကောလာဟလများအနက် အကြောင်းအရာ တစ်ခုကို ဖော်ပြပေးလိုက်ပါသည်။ 

ကောလာဟလ : 

ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေပြဌာန်းခြင်းသည် “ တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” အဆုံးသတ်မှုဖြစ်ကြောင်း နှင့် ဟောင်ကောင်က ၎င်းတို့၏ အမြင့်ဆုံးကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒီဂရီကို မရှိတော့အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း လုပ်ကြံပြောဆိုခဲ့ကြသည်။

အမှန်စင်စစ် :  

 ပုဒ်မ ၁ သည် အမြင့်ဆုံးကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒီဂရီတစ်ရပ်နှင့်အတူ ဟောင်ကောင်ပြည်သူ့စီမံခန့်ခွဲမှုအောက်တွင် “ တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” ကို ထပ်လောင်းအတည်ပြုသော ဥပဒေဖြစ်သည်။ ဤဥပဒေပြဌာန်းမှု ပန်းတိုင်သည် ဟောင်ကောင်၏ အမျိုးသားလုံခြုံရေးတွင် ဖြစ်ပေါ်နေသော စိုးရိမ်စရာ ယိုပေါက်တစ်ခုကို ပိတ်ဆို့ရန်သာ ဖြစ်ပြီး တစ်နိုင်ငံ စနစ်နှစ်မျိုး၏ ခိုင်မာသောအခြေခံအုတ်မြစ် နှင့် တစ်နိုင်ငံတည်းပေါ်အခြေခံ၍ စနစ်နှစ်မျိုးကို ပိုမိုခိုင်မာစေရန် ဟောင်ကောင်အတွက် အမြင့်ဆုံးထိန်းသိမ်းစောင့်ရှောက်မှု ဖန်တီးပေးခြင်းသာ ဖြစ်သည်။

 ဤဥပဒေအောက်တွင် ဟောင်ကောင်ဒေသခံများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို သက်ရောက်မှု ရှိစေလိမ့်မည်မဟုတ်ပေ။ ယင်းသည် အပြီးသတ်စီရင်မှုအပါအဝင် ဟောင်ကောင် HKSAR ၏ လွတ်လပ်သောတရားစီရင်မှုအခွင့်အာဏာအပေါ် သက်ရောက်မှု ရှိလိမ့်မည်မဟုတ်ပေ။ အရင်းရှင်ပုံစံ စနစ် ၊ အမြင့်ဆုံးကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် ဟောင်ကောင်၏ တရားစီရင်ရေးစနစ် ဖြစ်သော “တစ်နိုင်ငံ စနစ်နှစ်မျိုး”၏ မူဝါဒများကို ပြောင်းလဲပစ်မည်မဟုတ်ပေ။(Xinhua)