Connect with us

Politics, Law & Military

HKSAR အတွက် အမျိုးသားလုံခြုံရေးဥပဒေအပေါ် ကောလာဟလများ ၊ လုပ်ကြံဇာတ်လမ်း(၈) 

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ဒေသ၌ အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၃ နှစ်မြောက် အခမ်းအနားအား ကြည့်ရှုနေကြသော ပြည်သူများကို ဇူလိုင် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)

အချို့သော အမေရိကန် နှင့် အနောက်တိုင်း နိုင်ငံရေးသမားများက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ ပြဌာန်းမှုအပေါ် ဆန့်ကျင်သည့် မှားယွင်းသော စွပ်စွဲချက်များကို မကြာသေးမီကပြုလုပ်ခဲ့ကြသည်။ ၎င်းတို့ဖြန့်ဝေခဲ့သော ကောလာဟလများအနက် အကြောင်းအရာ တစ်ခုမှာ အောက်ပါအတိုင်းဖြစ်သည်။

ကောလာဟလ : 

ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှု ဥပဒေပြဌာန်းရာတွင်  ဟောင်ကောင်ရှိ ပြည်သူများနှင့်အတူ အဓိပ္ပာယ်ရှိသော တိုင်ပင်ဆွေးနွေးမှု မရှိကြောင်း ၊ ထိုကြောင့် ဥပဒေပြဌာန်းမှုအပေါ် ပြည်သူလူထုထောက်ခံမှု ကင်းမဲ့နေကြောင်း လုပ်ကြံပြောဆိုခဲ့ကြသည်။

အချက်အလက်များ : 

–ဥပဒေကို ရေးဆွဲရာတွင် ဗဟိုတာဝန်ရှိသူများ နှင့် သက်ဆိုင်ရာဌာနတို့သည် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အမှုဆောင်အရာရှိချုပ် နှင့် အခြားသော ဟောင်ကောင်အစိုးရ၏ အဓိကတာဝန်ရှိသူများ ၊ ဥပဒေပြုကောင်စီ ဥက္ကဋ္ဌ ၊ ဟောင်ကောင်တရားစီရင်ရေးအဖွဲ့အစည်းမှ  ကိုယ်စားလှယ်များ ၊ အမျိုးသားပြည်သူ့ကွန်ဂရက်(NPC) အမြဲတမ်းကော်မတီ ၏ HKSAR ဆိုင်ရာ အခြေခံဥပဒေကော်မတီဝင်များ ၊ အမျိုးသား ဥပဒေပြုကိုယ်စားလှယ်များ နှင့် နိုင်ငံရေး အကြံပေးများ အစရှိသူများထံမှ အကြံပြုချက်များ ၊ သဘောထားများကို အမျိုးမျိုးသော နည်းလမ်းများ နှင့် လမ်းကြောင်းများမှတစ်ဆင့် တောင်းခံခဲ့ကြောင်း ၊ မူကြမ်းကို တည်းဖြတ်မွန်းမံရာတွင် ဟောင်ကောင်အစိုးရထံမှ အကြံပြုချက်များနှင့်အမြင်များကို ဂရုတစိုက် လေ့လာခဲ့ကြောင်း နှင့် ဟောင်ကောင်၏ အမှန်တကယ် အခြေအနေများကို အပြည့်အဝ ထည့်သွင်းစဉ်းစားခဲ့သည်။ 

—ဗဟိုအစိုးရ တာဝန်ရှိသူများ၏ သက်ဆိုင်ရာဌာနများသည် ဟောင်ကောင်၌ စာတမ်းဖတ်ပွဲ ၁၂ ခု ကျင်းပခဲ့ရာတွင် နိုင်ငံရေး၊ ဥပဒေရေး ၊ စီးပွားရေး ၊ ဘဏ္ဍာရေး ၊ ပညာရေး ၊ သိပ္ပံရေးရာ ၊ ယဉ်ကျေးမှု ၊ ဘာသာရေး ၊ လူငယ်များ နှင့် အလုပ်သမားကဏ္ဍတို့ အပြင် ဟောင်ကောင်ရှိ ဒေသတွင်း အဖွဲ့အစည်းများ စသည့် ကိုယ်စားလှယ်များ ပါဝင်ခဲ့ပြီး ၎င်းတို့၏ အမြင်များကို ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့ကြကြောင်း ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)ရှိ ဗဟိုပြည်သူ့အစိုးရ၏ ပြည်သူ့ဆက်ဆံရေးရုံးသည် NPC မှ ဟောင်ကောင်ကိုယ်စားလှယ် ၃၆ ဦး နှင့် တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံ(CPPCC) အမျိုးသားကော်မတီ၏ ဟောင်ကောင်အဖွဲ့ဝင် ၁၉၀ ဦးထံမှ အချိန်တိုအတွင်း သဘောထားထင်မြင်ချက်များ ရေးသားထားသည့် စာတမ်း ၂၀၀ ကျော်ကို လက်ခံ ရရှိခဲ့သည်။ 

— သက်ဆိုင်ရာ NPC ဆုံးဖြတ်ချက်ကို ထုတ်ပြန်ပြီးနောက် ဟောင်ကောင်ရှိ ကဏ္ဍအားလုံးမှ ကိုယ်စားလှယ်များ၏ ထောက်ခံမှုများကို ချက်ချင်း ရရှိခဲ့သလို ဟောင်ကောင်ရှိ ပြည်သူ ၃ သန်းနီးပါးကလည်း ဥပဒေပြဌာန်းရေးကို ထောက်ခံသည့် အသနားခံစာအား ပါဝင် လက်မှတ်ရေးထိုးခဲ့ကြသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.