Connect with us

Politics, Law & Military

ဆင်ဟွာဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးနှင့် တွေ့ဆုံ

တရုတ်နိုင်ငံ မြိုတော် ပေကျင်းတွင် ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာနှင့် တရုတ်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Abdolreza Rahmani Fazli တို့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ဆုံစဥ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းအေဂျင်စီဥက္ကဋ္ဌ ဖုဟွာသည် တရုတ်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Abdolreza Rahmani Fazli နှင့် နိုဝင်ဘာ ၄ ရက်တွင် ပေကျင်း၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။ဆင်ဟွာသတင်းဌာနသည် အီရန်သတင်းမီဒီယာ၊ Think Tanks အဖွဲ့များနှင့် ဖလှယ်မှုများ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း နှစ်နိုင်ငံအကြား ချစ်ခင်ရင်းနှီးသောဆက်ဆံရေးများ၏ သက်သေ၊ မှတ်တမ်းတင်သူနှင့် မြှင့်တင်ပေးသူအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖုက ပြောကြားခဲ့သည်။

နှစ်ဖက်စလုံးသည် နိုင်ငံစုံယန္တရားအသီးသီး၏ မူဘောင်များအတွင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ကာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ နိုင်ငံတကာပြောဆိုမှုအင်အား ဆက်လက်တိုးတက်စေရန် အကျိုးပြုမည်ဟုမျှော်လင့်ကြောင်း ဖုက ထုတ်ဖော်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Abdolreza Rahmani Fazli က အီရန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေး အရေးပါမှုကို အထူးအလေးထားကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးဖွံဖြိုးတိုးတက်မှုမြှင့်တင်ရန် မီဒီယာအခန်းကဏ္ဍ၏အရေးပါမှုကို အကျိုးရှိစွာအသုံးချကာ ဆင်ဟွာသတင်းဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ပြီး နက်နက်ရှိုင်းရှိုင်း ရှေ့ဆက်လုပ်ဆောင်သွားရန် အီရန်နိုင်ငံဘက်မှ မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————–
(English Version)
Xinhua president meets with Iranian ambassador to China
BEIJING, Nov. 4 (Xinhua) — President of Xinhua News Agency Fu Hua met with Iranian Ambassador to China Abdolreza Rahmani Fazli in Beijing on Tuesday.
Fu said that Xinhua is willing to strengthen its exchange and cooperation with Iranian media and think tanks, serving as a witness, recorder and promoter of the friendly relations between the two countries.
Fu expressed the hope that both sides will enhance collaboration within the frameworks of multilateral mechanisms, contributing to the continuous improvement of the Global South’s international discourse power.
Noting that Iran attaches great importance to its relationship with China, Fazli said the Iranian side looks forward to expanding and deepening cooperation with Xinhua, leveraging the important role of the media to promote the development of bilateral relations.
Photo : President of Xinhua News Agency Fu Hua meets with Iranian Ambassador to China Abdolreza Rahmani Fazli in Beijing, capital of China, Nov. 4, 2025. (Xinhua/Rao Aimin)