Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်တို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်တို့ တွေ့ဆုံဆွေးနွေးကြစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

ပေကျင်း ၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်တို့ ဧပြီလ ၈ ရက်နေ့ တွင် မဟာပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

သမ္မတ ရှီကျင့်ဖိန်က မစ္စတာ ဂူတာရက်စ်အား တရုတ်နိုင်ငံသို့လာရောက်လည်ပတ်ပြီး ၂၀၁၈ခုနှစ် ဘိုးအောက်ဖိုရမ် သို့ ပါဝင်တက်ရောက်သည့်အတွက် အထူးပင်ကြိုဆိုကြောင်း ဦးစွာပထမပြောကြားခဲ့သည်။ ဆက်လက်ပြီး ၎င်းက ယခုနှစ်ပိုင်းများတွင် တစ်ကမ္ဘာလုံး တိုးတက်မှုအသစ်၊ပြောင်းလဲမှုအသစ်များရှိလာရာ နိုင်ငံတကာ အခက်အခဲ ပြဿနာ အမျိုးမျိုးပေါ်ထွက်လာကြောင်း ၊သို့ဖြစ်၍ ထိုစိန်ခေါ်မှုများကို ဖြေရှင်းရန် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု များကို အဆက်မပြတ် ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ၊ တရုတ်နိုင်ငံ သည် စီးပွားရေး၊နိုင်ငံရေး၊လူမှုရေး၊ယဉ်ကျေးမှု၊ ဂေဟစနစ်စသည့် ကဏ္ဍ ၅ ခု ကို အလေးထား ဆောင်ရွက်လျက်ရှိရာ ထိုကဏ္ဍ ၅ ခုမှာလည်း လူသားများ၏ကံကြမ္မာတူအကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး၏ အဓိကအကြောင်းအရာများပင်ဖြစ်ကြောင်း၊ ပြည်တွင်းစီမံအုပ်ချုပ်မှုတွင်ဖြစ်စေ၊ ကမ္ဘာလုံး ဆိုင်ရာစီမံအုပ်ချုပ်မှုတွင်ဖြစ်စေ အများပြည်သူ၏ အကျိုးအမြတ်ကို ဦးထိပ်ထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ အဆိုပြုဆောင်ရွက်နေသည့် “ခေတ်သစ်ပိုးလမ်းမကြီး” ၏ ရည်ရွယ်ချက်မှာလည်း နိုင်ငံအသီးသီး ၏ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများနှင့်ချိတ်ဆက်ကာ အတူလက်တွဲ၊ အတူကြီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဖြစ် ကြောင်း ဆိုသည်။

ထို့အပြင် ကုလသမဂ္ဂ၏ဆောင်ရွက်ချက်များကိုထောက်ခံအားပေးခြင်း၊ ကုလသမဂ္ဂ၏အခွင့် အာဏာကို ထိန်းသိမ်းကာကွယ်ခြင်းမှာ တရုတ်နိုင်ငံ၏အခြေခံနိုင်ငံခြားရေးမူဝါဒတစ်ရပ်ဖြစ်ကြောင်း ၊ မိမိတို့မှာ နိုင်ငံကြီးနိုင်ငံငယ် တန်းတူညီမျှရှိရမည်ဟု ယူဆသလို နိုင်ငံကြီးများကလည်း မိမိထမ်းဆောင်သင့်သည့် တာဝန်နှင့်ဝတ္တရားကို ထမ်းဆောင်သင့်ကြောင်း ၊ ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးဝါဒဆိုသည်မှာ နိုင်ငံအချင်းချင်းဆွေးနွေး လက်တွဲပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်သူ၊ ကမ္ဘာ့ဖွံဖြိုးရေးတိုးတက်ရေးအတွက် ပေးဆပ်သူ၊ နိုင်ငံတကာစည်းမျဉ်းဥပဒေများကို ကာကွယ်ထိန်းသိမ်းသူ ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများနှင့်အတွေ့အကြုံများကို နိုင်ငံတကာနှင့်မျှဝေသွားလိုကြောင်း သမ္မတ ရှီကျင့်ဖိန်က ထပ်မံပြောကြားခဲ့သည်။

ထို့နောက် မစ္စတာ ဂူတာရက်စ်က ပြောကြားရာတွင် သမ္မတရှီကျင့်ဖိန် နောက်တစ်ကြိမ် တရုတ်နိုင်ငံသမ္မတ အဖြစ် ရွေးကောက်တင် မြှောက်ခြင်း ခံရသည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ၎င်းမှာ တရုတ်နိုင်ငံအတွက် သမိုင်းဝင် အရေးပါမှုဖြစ်သည်ဟု ချီးမွှန်းပြောဆိုလိုက်သည်။ ဆက်လက်၍ ၎င်းက တရုတ်နိုင်ငံ၏ပြုပြင်ပြောင်းလဲရေး မူဝါဒကျင့်သုံးလာသည့် နှစ် ၄၀ ပြည့် အထိမ်းအမှတ် အခါသမယတွင် ယခုလို တရုတ်နိုင်ငံကို လာရောက် လည်ပတ်ပြီး ဘိုးအောက်ဖိုရမ်ကို ပါဝင်တက်ရောက်ရ သည့် အတွက် အထူးပင် ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း ၊ တရုတ်နိုင်ငံသည် နောင်ဆယ်စုနှစ်များတွင် နိုင်ငံတကာ အရေးကိစ္စများ၌ စွမ်းဆောင်ချက်များ ပိုမိုရှိလာနိုင်မည် ဟု ယုံကြည်ကြောင်း၊ ယနေ့ခေတ် ကမ္ဘာတွင် ငြိမ်းချမ်း ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးပြဿနာများနှင့် ရင်ဆိုင်နေရပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ဘက်ပေါင်းစုံ ပူးပေါင်း ဆောင်ရွက် မှုများဖြင့် ဖြေရှင်းရန် လိုအပ်ကြောင်း၊ တရုတ်နိုင်ငံက ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက် ရေးတွင်သော်လည်း ကောင်း၊ ကုလသမဂ္ဂ၏လုပ်ငန်းဆောင်တာများတွင် သော်လည်းကောင်း အင်တိုက်အား တိုက် အားတက်သရော ပါဝင်ကူညီထောက်ခံ့သည့်အတွက် အထူးပင် ကျေးဇူးတင်ရှိကြောင်း ၊ တရုတ်နိုင်ငံ သည် ဘက်ပေါင်းစုံပူးပေါင်း ဆောင်ရွက်ရေး၏အဓိကမဏ္ဏိုင်ဖြစ်သလို ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တွင် ယုံကြည်အားကိုးထိုက် သည့် မရှိမဖြစ် အင်အားတစ်ရပ်လည်းဖြစ်သောကြောင့် ကုလသမဂ္ဂနှင့် တရုတ် နိုင်ငံ၏ပူးပေါင်းဆောင်ရွက်မှုမှာ ကမ္ဘာ့အတွက် အလွန်ပင်အရေးကြီးကြောင်းနှင့် မြောက်ကိုရီးယားကျွန်းဆွယ် အနုမြူကင်းစင်ရေး ဆွေးနွေးမှုများ ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံ၏ပါဝင်ဆောင်ရွက်မှုများကို ကျေးဇူးတင်ရှိ ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ထို့အပြင် သမ္မတရှီကျင့်ဖိန်၏ လူသားတွေ၏ကံကြမ္မာတူအကျိုးတူအသိုက်အဝန်းတည်ဆောက်ရေး အမြင်ကို လည်း သဘောတူထောက်ခံကြောင်း၊ “ခေတ်သစ်ပိုးလမ်းမကြီး”ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် နိုင်ငံ ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေး အဆိုကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ထောက်ခံကြောင်း၊ ၎င်းမှာ နိုင်ငံတကာလူမှုအဖွဲ့အစည်းအတွက် အကျိုးအမြတ်အများကြီးဖြစ်ထွန်းစေနိုင်မည်ဟု ယုံကြည်ကြောင်း မစ္စတာ ဂူတာရက်စ်က ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတကာနှင့်ဒေသဆိုင်ရာအရေးကိစ္စများကိုလည်း အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဗျူရိုကော်မတီဝင် ၊ ဗဟိုအတွင်းရေး မှူးဌာန အတွင်းရေးမှူး၊ ဗဟိုလုပ်ငန်းဆောင်ရွက်မှုဌာန ဌာနမှူး တင်းရွှဲရှန်(Ding Xue Xiang)၊ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဗျူရိုကော်မတီဝင် နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် လျှိုဟဲ(Liu He)၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဗျူရိုကော်မတီဝင် ယန်ကျဲ့ချီ(Yang JieChi)နှင့် နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (Wang Yi)တို့ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.