Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ တို့ တရုတ်နိုင်ငံ ၌တွေ့ဆုံမည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာ မိုဒီ တို့ ၂၀၁၇ခုနှစ် စက်တင်ဘာ ၅ရက် က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် မြို့တာ် ဝူဟန်မြို့၌ ဧပြီ ၂၇ရက် မှ ၂၈ရက်အထိ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာ မိုဒီ တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj တို့ တွေ့ဆုံခဲ့ပြီးနောက် ဧပြီ ၂၂ရက်တွင် ဝမ်ရိက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ရှီ နှင့် မိုဒီတို့သည် ကမ္ဘာကြီး၏ နက်နဲသိမ်မွေ့သည့် ပြောင်းလဲမှုများအပေါ် မဟာဗျူဟာမြောက် ဆက်သွယ်မှုများပြုလုပ်သွားမည်ဖြစ်ပြီး တရုတ်-အိန္ဒိယ ဆက်ဆံရေး နှင့် ပတ်သက်၍ ရေရှည်မဟာဗျူဟာမြောက် ကိစ္စရပ်များအပေါ် အမြင်များ ဖလှယ်သွားမည်ဖြစ်ကြောင်း ဝမ်ရိက Swarajနှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။ရှီနှင့် မိုဒီတို့၏ နောက်ဆုံးတွေ့ဆုံမှုအဖြစ် ၉ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး အပြီး ၂၀၁၇ခုနှစ် စက်တင်ဘာလ တွင် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ရှားမန်မြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)