Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ အဆင့်မြင့်ထိပ်တန်းဥပဒေပြုပုဂ္ဂိုလ်က ပေါ်တူဂီနိုင်ငံ၏ PSD ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ

တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် လီဟုန်ကျုံး က ပေါ်တူဂီဆိုရှယ်ဒီမိုကရက်တစ်ပါတီ (PSD) ၏ လွှတ်တော်ခေါင်းဆောင်နှင့် အထွေထွေအတွင်းရေးမှူးချုပ် ဟူဂိုဆောရက်စ် ဦးဆောင်သည့် ပါတီကိုယ်စားလှယ်အဖွဲ့နှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ လီဟုန်ကျုံးသည် ပေါ်တူဂီဆိုရှယ်ဒီမိုကရက်တစ်ပါတီ (PSD) ၏ လွှတ်တော်ခေါင်းဆောင်နှင့် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ဟူဂိုဆောရက်စ် ဦးဆောင်သည့် ပါတီကိုယ်စားလှယ်အဖွဲ့နှင့် ဒီဇင်ဘာ ၁၂ ရက်တွင် တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ တွေ့ဆုံခဲ့သည်။တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ လီက နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာမြောက်လမ်းညွှန်မှုအောက်တွင် တရုတ်နိုင်ငံနှင့် ပေါ်တူဂီနိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမှာ စဉ်ဆက်မပြတ် နက်ရှိုင်းလာကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံ၏ နိုင်ငံရေးပါတီများနှင့် ဥပဒေပြုအဖွဲ့အစည်းများအကြား ဖလှယ်မှုများ အားကောင်းစေရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်အရ ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်‌ရေးနှင့် တရုတ်-ပေါ်တူဂီနှင့် တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေး၏ ကောင်းမွန်ပြီး တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပံ့ပိုးကူညီရန် တရုတ်နိုင်ငံအနေဖြင့် အသင့်ရှိနေကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အကြိမ် ၂၀ မြောက် CPC ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေးနှင့် ပတ်သက်၍လည်း ကိုယ်စားလှယ်အဖွဲ့အား လီက ရှင်းလင်းပြောကြားခဲ့သည်။

ဆောရက်စ်ကလည်း ပေါ်တူဂီနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ခိုင်မာစွာလိုက်နာကြောင်းနှင့် ပါတီများအကြား လမ်းကြောင်းများမှတစ်ဆင့် နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီးတွင် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Senior Chinese legislator meets Portugal’s PSD delegation
BEIJING, Dec. 12 (Xinhua) — Li Hongzhong, vice chairman of the National People’s Congress Standing Committee, met with a delegation from the Social Democratic Party (PSD) of Portugal led by Hugo Soares, the secretary-general and the parliamentary leader of the party, in Beijing on Friday.
Li, also a member of the Political Bureau of the Communist Party of China (CPC) Central Committee, said that under the strategic guidance of the leaders of the two countries, the comprehensive strategic partnership between China and Portugal has been continuously deepened.
China is ready to strengthen exchanges between political parties and legislative bodies of the two countries, promote cooperation under the Belt and Road Initiative, and contribute to the sound and stable development of China-Portugal and China-EU relations, he added.
Li also briefed the delegation on the fourth plenary session of the 20th CPC Central Committee.
Soares said that Portugal firmly adheres to the one-China principle and is willing to promote exchanges and cooperation in various fields between the two countries through inter-party channels. ■
English Caption
Li Hongzhong, vice chairman of the National People’s Congress Standing Committee and a member of the Political Bureau of the Communist Party of China (CPC) Central Committee, meets with a delegation from the Social Democratic Party (PSD) of Portugal led by Hugo Soares, the secretary-general and the parliamentary leader of the party, in Beijing, capital of China, Dec. 12, 2025. (Xinhua/Dai Tianfang)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.