Connect with us

Europe

ပေါ်တူဂီနိုင်ငံတွင် ခရီးသွားယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် အနည်းဆုံး လူ ၂၈ ဦး သေဆုံး


လစ္စဘွန်း ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

ဂျာမနီ ခရီးသွား ၅၅ ဦး တင်ဆောင်လာသည့် ခရီးသွားယာဉ်တစ်စီးသည် ဧပြီ ၁၇ ရက်က ပေါ်တူဂီနိုင်ငံ Madeira ကျွန်းတွင် မတော်တဆမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၈ ဦး သေဆုံးပြီး လူပေါင်းများစွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူများအနက် ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ခရီးသွားယာဉ်တစ်စီးသည် ဧပြီ ၁၇ ရက် ညနေက Madeiraကျွန်းရှိ တောင်တက်တောင်ဆင်းလမ်းတွင်မောင်းနှင်နေစဉ် ချောက်ထဲပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ၊ သေဆုံးသူများမှာ ဂျာမနီနိုင်ငံသားများဖြစ်ပြီး အမျိုးသား ၁၁ ဦး ၊ အမျိုးသမီး ၁၇ ဦးပါဝင်ကြောင်း သိရသည်။ ယာဉ်မောင်းနှင့်ခရီးသွားလမ်းညွှန်မှာ ဒဏ်ရာရရှိခဲ့ကြောင်း ၊ လက်ရှိ ဒဏ်ရာရသူများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။

ယာဉ်မတော်တဆမှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ယာဉ်မတော်တဆမှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

အချင်းဖြစ်ပွားပြီးနောက် ပေါ်တူဂီသမ္မတ Marcelo Rebelo de Sousa သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ဒဏ်ရာရသူများကို ပို့ဆောင်ရန် လေတပ်ကို ညွှန်ကြားခဲ့ကြောင်း ပေါ်တူဂီရုပ်မြင်သံကြားဌာနက ဆိုသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117