Connect with us

Media

ပေါ်တူဂီနိုင်ငံမြောက်ပိုင်းတွင် တရုတ်နိုင်ငံထုတ် မြေအောက်ရထား စတင်ပြေးဆွဲ

ပေါ်တို၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ(EU)တွင် တရုတ်နိုင်ငံထုတ် ပထမဆုံး မြေအောက်ရထားကို ပေါ်တူဂီနိုင်ငံ ပေါ်တိုမြို့၌ ဒီဇင်ဘာ ၆ ရက်က စီးပွားဖြစ်စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။

အသစ်ပြေးဆွဲခဲ့သည့် မြေအောက်ရထားက ပေါ်တိုမြို့၏ မြေအောက်ရထားကွန်ရက်၏ စွမ်းဆောင်ရည်ကို သိသိသာသာ မြင့်တင်ပေးကာ ပြည်သူများ သက်သောင့်သက်သာနှင့် လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး မျှော်လင့်ချက်အား ဖြည့်ဆည်းပေးကြောင်း ပေါ်တူဂီနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာဝန်ကြီး Duarte Cordeiro က အလေးပေးပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Made-in-China metro train goes into operation in northern Portugal
The first Made-in-China metro train in the European Union (EU) was put into commercial operation in Porto, Portugal on Wednesday.
Portugal’s Minister of Environment and Climate Action Duarte Cordeiro highlighted that the newly launched metro train fulfills the public’s expectations for comfortable and secure travel, significantly elevating the efficiency of Porto’s metro network.
Xinhua News Agency correspondents reporting from Porto, Portugal.(XHTV)