ပေကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) မကြာသေးမီ ကာလက ရှီကျင့်ဖိန်၏ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု စာအုပ် (အတွဲ ၄) ကို ပြင်သစ်၊ ရုရှား၊ အာရဗီ၊ စပိန်၊ ပေါ်တူကီ၊ ဂျာမနီ၊ ဂျပန်နှင့် တရုတ်(ရိုးရာစာလုံး)စသည့် ဘာသာစကားများဖြင့် ပုံနှိပ်ထုတ်ဝေ၍ ပြည်တွင်းပြည်ပသို့ ဖြန့်ချိခဲ့သည်။
ပေကျင်း၊ ဇွန် ၉ ရက် (ဆင်ဟွာ) ကမ္ဘာ့စီးပွားရေး ပြန်လည် ဦးမော့လာနိုင်ရေးအတွက် တရုတ်စီးပွားရေးက မောင်းနှင်အားအဖြစ် ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဇွန် ၈ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တရုတ်နိုင်ငံသို့ ပိုမိုလာရောက်ကြရန်၊ တရုတ်ဈေးကွက်သို့ ထဲထဲဝင်ဝင် ထိုးဖောက်၍...
ဘန်ဒါဆရီဘဂါဝန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) ဗိုလ်လောင်းလေ့ကျင့်ရေးနှင့် ပင်လယ်ပြင်အတွင်းမစ်ရှင် သွားရောက်သည့် တရုတ်ရေတပ်လေ့ကျင့်ရေးသင်္ဘော Qi Jiguang (Hull 83) သည် ဘရူနိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် အောင်မြင်စွာအဆုံးသတ်ပြီးနောက် ဇွန် ၈ ရက်က ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။ အဆိုပါ သင်္ဘောအား နှုတ်ဆက်ပွဲအခမ်းအနားကို ဘရူနိုင်းနိုင်ငံ...
ဟူးဟော့၊ ဇွန် ၉ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် ဒေသ၏ မဟာဗျူဟာမြောက်အနေအထားကို ထိန်းသိမ်းရန်၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကို လိုက်နာဆောင်ရွက်ရန်နှင့် တရုတ်ခေတ်မီအသွင်ပြောင်းခြင်း စာမျက်နှာသစ်ဖွင့်လှစ်ရေး ကြိုးပမ်းအားထုတ်ရန် တိုက်တွန်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ...
BAYANNUR ၊ အတွင်းမွန်ဂိုလီးယား၊ ဇွန် ၇ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က သဲကန္တာရအဖြစ် ပြောင်းလဲလာမှုကို ကိုင်တွယ်ရာတွင် အံ့ဩဖွယ်ရာအသစ်များ ဖန်တီးနိုင်ရန် စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်ကြရေးအတွက် တိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယားဒေသ၊...
ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်-ရုရှား နှစ်နိုင်ငံ လေတပ်များသည် ဂျပန်ပင်လယ်နှင့်အရှေ့တရုတ်ပင်လယ်တွင် ဇွန် ၆ ရက်က ပူးတွဲကင်းလှည့်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ လျိုကျန့်ချောင်းသည် ရုရှားနိုင်ငံနှင့် ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်း (CEE) နိုင်ငံများမှ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များနှင့် ပေကျင်းမြို့၌ ဇွန် ၂ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။ လျိုသည်...
ပေကျင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ ကြိမ်ဖန်များစွာ အလေးအနက် ပြောကြားမှုကို ဂရုမပြုဘဲ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသနှင့် “အမေရိကန်-ထိုင်ဝမ် ၂၁ ရာစု ကုန်သွယ်ရေး အဆိုပြုချက်” ပထမအပိုင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ထို့အတွက် အစိုးရအရာရှိများကို စေလွှတ်ခဲ့ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက...
ပေကျင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ယဉ်ကျေးမှုတာဝန်အသစ်များထမ်းဆောင်ခြင်းနှင့် ခေတ်မီတရုတ်လူမှုယဉ်ကျေးမှုတစ်ရပ် တည်ဆောက်ခြင်းအတွက် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီသည် ဇွန် ၂ ရက်၌ ကျင်းပသော ယဉ်ကျေးမှုအမွေဆက်ခံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ...
နန်ကျင်း၊ ဇွန် ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် စူးကျိုးမြို့ရှိ ပစ္စည်းပို့ဆောင်သူ အသက် ၂၈ နှစ်အရွယ် Wang Zhijie သည် သုံးနှစ်ကြာတွဲခဲ့သော ချစ်သူမိန်းကလေးနှင့် ဇွန် ၁ ရက် ၌ ဒေသဆိုင်ရာ မှတ်ပုံတင်ရုံးတွင် တရားဝင် လက်ထပ်ခဲ့သည်။...