ဟောင်ကောင် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အုပ်ချုပ်ရေးမှူးကယ်ရီလမ်းက ရောဂါကူးစက်မှုကွင်းဆက်များကို ဖြတ်တောက်ပစ်ရန်အတွက် ဟောင်ကောင်အစိုးရမှ ဦးဆောင်ပြုလုပ်နေသည့် ဒေသတစ်ခုလုံး COVID-19 ရောဂါ ရှိမရှိ စမ်းသပ်စစ်ဆေးမှုတွင် ပြည်သူများအနေဖြင့် တက်ကြွစွာပါဝင်ကြရန် ယနေ့ စက်တင်ဘာ ၁ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ပေကျင်း ၊ ဩဂုတ် ၃၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရ အဆင့်မြင့်အရာရှိကြီးတစ်ဦး ဖြစ်သူ ယန်ကျဲ့ချီ(Yang Jiechi) သည် စက်တင်ဘာ ၁ ရက်မှ ၄ ရက်အထိ မြန်မာ ၊ စပိန် နှင့် ဂရိ နိုင်ငံများသို့ သွားရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန...
ပေကျင်း ၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက အွန်လိုင်းကောလာဟာလ တိုက်ဖျက်ရေးအတွက် အများပြည်သူအား သတိပေးနိုင်မည့် မိုဘိုင်းလ်အက်ပလီကေးရှင်းများ နှင့် အသေးစား-ထုတ်လွှင့်မှု အစီအစဉ်များကို ဩဂုတ် ၂၉ ရက်တွင် စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။
မော်စကို၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲတွင် ပါဝင်ပြသရန် အဖွဲ့ခြောက်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂၆၀ ကျော် စေလွှတ်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဩဂုတ် ၂၆ ရက်(ဆင်ဟွာ) COVID-19 ကပ်ရောဂါ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို လက်တွဲကျော်လွှားနိုင်ရန် တတိယအကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု(LMC) ခေါင်းဆောင်များ၏ အစည်းအဝေးတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် ညီညွတ်စွာဆောင်ရွက်သွားကြရန် တရုတ်နိုင်ငံက အဆိုပြုခဲ့ကြောင်း သိရသည်။
ဟောင်ကောင် ၊ ဩဂုတ် ၂၃ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ၏ အခြေခံဥပဒေသည် ဟောင်ကောင်ဒေသခံများအတွက် ပိုမိုကောင်းမွန်သော ဘဝတစ်ခုကို ဖန်တီးပေးခဲ့ပြီဖြစ်ကြောင်း နှင့် ဒေသခံအားလုံးအနေဖြင့် “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” နှင့် အခြေခံဥပဒေအပေါ် ချစ်မြတ်နိုးသင့်ကြောင်း ဩဂုတ် ၂၂ ရက်က ထုတ်လွှင့်ပြသခဲ့သည့် ဗီဒီယိုရုပ်သံ အစီအစဉ်တစ်ခုတွင်...
ဟိုင်ခို၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ တည်ဆောက်မှုက အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု စင်မြင့်သစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်းနှင့် ပါကစ္စတန်နိုင်ငံ၏ ပြန်လည်ရှင်သန်နိုးကြားရေး၌လည်း အရေးပါသောအခန်းကဏ္ဍတစ်ခု အဖြစ် ဆက်လက်ပါဝင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဩဂုတ် ၂၁ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ ရှင်းကျန်း ကျားစစ် ခရိုင် နှင့် စီချွမ်း လျှမ်စမ်း စီရင်စု အတွင်းရှိ အလွန် ဆင်းရဲနွမ်းပါးသော ခရိုင် ၇ ခု တို့ ၏ သောက်သုံးရေ လုံခြုံမှု လုပ်ငန်း...
ပေကျင်း၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဩဂုတ် ၂၄ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်မည့် တတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဩဂုတ် ၂၁...
ဟဲဖေး၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ်ရှိ ရေကြီးရေလျှံမှုတွင် ကယ်ဆယ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရင်း အသက်ပေးခဲ့ကြသူများ၏ မိသားစုဝင်များထံသို့ ယနေ့ (ဩဂုတ် ၂၀ ရက်) သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။