နယူးယောက် ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကို တည်ငြိမ်စွာ ဆက်လက်ထိန်းသိမ်းထားလိုလျှင် တစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အခြားတစ်နိုင်ငံက 5အပြန်အလှန်လေးစားလိုက်နာရန် နှင့် နှစ်ဖက်အကြား လူမှုရေးစနစ် နှင့်ဖွံ ့ဖြိုးရေးကို အပြန်အလှန်လေးစားရန် အလွန်အရေးကြီးကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက စက်တင်ဘာ...
ပေကျင်း ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က စက်တင်ဘာ ၂၂ ရက်တွင် ကျရောက်သော ဒုတိယအကြိမ်မြောက် တရုတ်လယ်သမားများ၏ ကောက်ရိတ်သိမ်းပွဲတော် အထိမ်းအမှတ်အတွက် ကျေးလက်နေပြည်သူများ နှင့် စိုက်ပျိုးရေး လုပ်ကိုင်နေကြသော လယ်သမားများအား ဂုဏ်ပြု နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟန်ကျန့် (Han Zheng) သည် နှစ်စဉ်ကျင်းပသည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နှင့် တရုတ် နှင့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) အကြား စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးပွဲဖွင့်ပွဲ အခမ်းအနား သို့...
ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံမှ ဖိတ်ကြားချက်အရ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ဗဟိုကော်မရှင်ရုံး လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လျောင်းမင်သည် ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုများအတွက် စက်တင်ဘာလ ၁၈ ရက်တွင် အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ကျန့်ကျူး ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က “ ကွန်မြူနစ် အနီရောင်နိုင်ငံရေးစွမ်းပကား” ၏ မူလဇစ်မြစ်ကို အသွေးအသားထဲ အစဉ်ထိန်းသိမ်းထားကြရန် စက်တင်ဘာ ၁၆ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။
ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ၏ ထိပ်တန်းဥပဒေပြုအမတ် လီကျန့်ရှူး (Li Zhanshu) သည် စက်တင်ဘာ ၁၉ ရက် မှ ၂၈ ရက် အထိ ရုရှားနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ နှင့် အဇာဘိုင်ဂျန် နိုင်ငံများသို့ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ရန် ရှိကြောင်း...
ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) ၏ ဖိတ်ကြားချက်ဖြင့် ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ရန် စက်တင်ဘာလ ၁၆ ရက်က ပေကျင်းမှထွက်ခွာခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အမြင့်ဆုံး ဥပဒေပြုရေးအဖွဲ့ဖြစ်သည့် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်(NPC) တည်ထောင်ခြင်း နှစ် ၆ဝ ပြည့်အခမ်းအနား၌ ပြောကြားခဲ့သော တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ မိန့်ခွန်းကို စက်တင်ဘာ ၁၆ ရက်တွင် Qiushi ဂျာနယ်၏ အမှတ်စဉ် ၁၈ ၌...
ပေကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အလည်အပတ်ရောက်ရှိနေသော ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လ် (Angela Merkel) နှင့် စက်တင်ဘာလ ၆ ရက်က ပေကျင်းမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြောက်ကိုရီးယားနိုင်ငံသို့ စက်တင်ဘာလ ၂ ရက်မှ ၄ ရက်အထိ သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သြဂုတ်လ ၃၀ ရက်တွင် ပြောကြားလိုက်သည်။