ပေကျင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် လာမည့်ရက်များတွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုဆွေးနွေးရန် သဘောတူထားကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးက ဩဂုတ် ၂၀ ရက်တွင် ပြောကြားလိုက်သည်။
ဟဲဖေ၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် နိုင်ငံအရှေ့ပိုင်း အန်းဟွေးပြည်နယ်ရှိ ရေဘေးဒဏ်ခံစားခဲ့ရသော ဒေသခံပြည်သူများထံ သွားရောက်တွေ့ဆုံ အားပေးစကားဆိုခဲ့ကြောင်း သိရသည်။
နိုင်ရိုဘီ ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်-အာဖရိက စည်းလုံးညီညွတ်စွာ ကပ်ရောဂါ တိုက်ဖျက်ရေး နှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာ ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုကို နိုင်ရိုဘီ မြို့ တွင် သြဂုတ် ၁၈ ရက် ၌စတင် ကျင်းပ...
ဟောင်ကောင်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) ဟောင်ကောင်ရှိ အမျိုးသားလုံခြုံရေးဥပဒေသည် ဟောင်ကောင်အား ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်တွင် ပါဝင်ဖော်ဆောင်ရေးနှင့် အမျိုးသားလုံခြုံရေးဖွံ့ဖြိုးတိုးတက်မှု ပေါင်းစည်းရေးတို့အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ရှိ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာမင်းကြီး Xie Feng က ပြောကြားလိုက်သည်။
ပေကျင်း ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) မကြာသေးမီက ပိတ်သိမ်းခဲ့ရသည့် အမေရိကန်နိုင်ငံ ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးမှ တရုတ်ဝန်ထမ်းများသည် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ) ကျွန်တော် ဆင်ဟွာသတင်းထောက်အဖြစ် နယူးယောက်မြို့မှာ နှစ်ပေါင်းများစွာကြာ လုပ်ကိုင်ခဲ့ပါတယ်။ မတ်လက ထူးဆန်းလှသောနေ့ရက်များကို ပြန်ပြောင်းအောက်မေ့ရရင် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံ သတင်းထောက်အရေအတွက်ကို ကန့်သတ်လိုက်တဲ့ အမိန့်ထွက်လာပြီးနောက် ကျွန်တော်ဟာ ရုတ်တရက် နေရပ်ပြန်ဖို့ တွန်းအားပေးခြင်းခံခဲ့ရပါတယ်။ ဖြစ်ပျက်ခဲ့တာတွေဟာ အရမ်းကိုဇာတ်လမ်းဆန်လွန်းလှတယ်လို့ ကျွန်တော်ခံစားခဲ့ရတယ်။
ပေကျင်း ၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လဲ့ယွိချန် (Le Yucheng ) အား Guancha.an သတင်းဌာနမှ တွေ့ဆုံမေးမြန်းမှုများကို ဆင်ဟွာသတင်းဌာနမှ ဘာသာပြန်ဆို ဖော်ပြလိုက်ခြင်းဖြစ်သည်။
ကုလသမဂ္ဂ ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ ဆိုင်ရာ တရုတ် နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ကျန်းကျွင်း က သြဂုတ် ၁၂ ရက် ၌ လုံခြုံရေး ကောင်စီ တွင် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း သည် နိုင်ငံတကာ အသိုင်းဝိုင်းက...
ဟောင်ကောင် ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက အမျိုးသားပြည်သူ့ကွန်ဂရက်(NPC) အမြဲတမ်းကော်မတီအနေဖြင့် ဟောင်ကောင်၏ ၆ ကြိမ်မြောက် ဥပဒေပြုကောင်စီ(LegCo) အား တာဝန်များဆက်လက်ထမ်းဆောင်ရန် ခွင့်ပြုပေးခဲ့ခြင်း နှင့် ယခုနှစ်အတွက် ၇ ကြိမ်မြောက် LegCo ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် ဥပဒေပြုရေးတွင်...
ပေကျင်း ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် အမေရိကန်ရွေးကောက်ပွဲအား လွှမ်းမိုးရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း အမေရိကန် ထိပ်တန်း ထောက်လှမ်းရေး အရာရှိတစ်ဦး၏ ထုတ်ပြန်ချက်အပေါ် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်သမ္မတရွေးကောက်ပွဲအား လုံးဝ စိတ်ဝင်စားခြင်းမရှိကြောင်း နှင့် မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်ခဲ့ခြင်းမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ဩဂုတ်...