Connect with us

Politics, Law & Military

ချင်းသောင်မြို့တွင် ကျင်းပမည့် SCO ထိပ်သီးအစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖိန် သဘာပတိအဖြစ် ဆောင်ရွက်မည်


ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ)

၁၈ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မေလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ ရှန်တုံပြည်နယ် အရှေ့ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော ချင်းသောင်မြို့အလှရှုခင်းအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ထိပ်သီးအစည်းအဝေးအား တရုတ်နိုင်ငံ ရှန်တုံပြည်နယ် အရှေ့ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော ချင်းသောင်မြို့တွင် ဇွန်လ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပရန် လျာထားကြောင်း ဝမ်က ဆိုသည်။ယင်း အစည်းအဝေးသို့ SCO အဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူနိုင်ငံများမှ ခေါင်းဆောင်များ၊ ဆက်စပ်လျက်ရှိသော နိုင်ငံတကာ အဖွဲ့အစည်းများမှ အကြီးအကဲများ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.