Connect with us

Politics, Law & Military

ပထမဆုံးအကြိမ် SCO နိုင်ငံရေးပါတီများဖိုရမ်ကို ရှန်းကျန့်မြို့တွင် ကျင်းပ


ရှန်းကျန့်၊ မေ ၂၇ ရက် (ဆင်ဟွာ)

ပထမဆုံးအကြိမ် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (SCO) နိုင်ငံရေးပါတီများဖိုရမ်သို့ တက်ရောက်လာသူများသည် ဖလှယ်မှုများပိုမိုလုပ်ဆောင်ရန်နှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေး မြှင့်တင်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း သိရသည်။

အဆိုပါ ဖိုရမ်အား တရုတ်နိုင်ငံ ရှန်းကျန့်မြို့၌ မေလ ၂၆ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး SCO အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများ အပါအဝင်စုစုပေါင်း ၁၈ နိုင်ငံမှ နိုင်ငံရေးပါတီ ၃၀ ကျော်မှ ကိုယ်စားလှယ် ၂၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပထမဆုံးအကြိမ် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (SCO) နိုင်ငံရေးပါတီများဖိုရမ် ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပထမဆုံးအကြိမ် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (SCO) နိုင်ငံရေးပါတီများဖိုရမ် ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပထမဆုံးအကြိမ် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (SCO) နိုင်ငံရေးပါတီများဖိုရမ် ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

“နိုင်ငံရေးပါတီတွေဟာ နိုင်ငံရေးလုပ်နေရတဲ့အချိန်မှာ အတက်ကြွဆုံးဖြစ်ပါတယ်။ SCO ရဲ့မူဘောင်အောက်မှာ ကျွန်တော်တို့အတူတကွ နိုင်ငံရေးပါတီများ ဆွေးနွေးပွဲကျင်းပတာတွေ ပါတီများ သို့မဟုတ် နိုင်ငံများ စီမံခန့်ခွဲတဲ့ အတွေ့အကြုံများဖလှယ်တာတွေ လုပ်နိုင်ငံပါတယ် ဒါက SCO ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ် ဖွင့်လှစ်လိုက်တာလည်း ဖြစ်ပါတယ်” ဟု United Russis Party ၏ အထွေထွေကောင်စီ ဒုတိယအတွင်းရေးမှူး Sergey Zhelaznyak က ဖိုရမ်အပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တက်ရောက်လာသည့် ကိုယ်စားလှယ်များက ရှန်ဟိုင်းစိတ်ဓာတ်ဖြစ်သော “အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် အကျိုးကျေးဇူး၊ သာတူညီမျှမှု၊ အပြန်အလှန် ညှိနှိုင်းတိုင်ပင်မှုများ၊ ယဉ်ကျေးမှုအမျိုးမျိုးကို လေးစားခြင်းနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုနောက်သို့လျှောက်လှမ်းခြင်း” ကို ထောက်ခံရန်နှင့် ဒေသတွင်း ဘုံ ကြွယ်ဝချမ်းသာမှုအား တွန်းအားသစ် ဖြည့်သွင်းရန်အတွက် သဘောတူခဲ့ကြောင်း သိရသည်။

၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် SCO သည် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် သာမက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူရေး၊ စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ပြည်သူအချင်းချင်း ဖလှယ်မှု မြှင့်တင်ရေးအတွက်ကိုလည်း အလေးထားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.