Connect with us

Politics, Law & Military

ကာဂျစ်စတန်၊ ကာဇက်စတန်၊ ရုရှား၊ အီရန် နိုင်ငံများမှ သမ္မတများ တရုတ်နိုင်ငံသို့ လာရောက်ရန်ရှိ

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organization) လိုဂိုအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ)

ကာဂျစ်စတန်နိုင်ငံ သမ္မတ Sooronbay Jeenbekov ၊ ကာဇက်စတန်နိုင်ငံ သမ္မတ Nursultan Nazarbayev နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ဇွန်လ ၆ ရက်မှ ၁၀ ရက်အထိ တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

အီရန်နိုင်ငံ သမ္မတ ဟတ်ဆန်ရိုဟာနီ (Hassan Rouhani) သည်လည်း တရုတ်နိုင်ငံသို့ အလုပ်သဘောခရီး လာရောက်ရန်ရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန်က မေလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။၎င်းတို့သည် ၁၈ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organization) ၏ နိုင်ငံ့ခေါင်းဆောင်များကောင်စီ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)