Science & Technology
တရုတ် က ၎င်း၏ ၇ ကြိမ်မြောက် အာတိတ် လေ့လာရေး ခရီးစတင်
ရှန်ဟိုင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
“နှင်းနဂါး” အမည်ရှိ တရုတ် သုတေသန သင်္ဘော သည် နိုင်ငံ၏ ၇ ကြိမ်မြောက် ဝင်ရိုးစွန်း လေ့လာရေး ခရီးစဉ် အဖြစ် အာတိတ်ဒေသ သို့ ဇူလိုင်လ ၁၁ ရက်တွင် ရှန်ဟိုင်း သင်္ဘောဆိပ်မှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
နိုင်ငံ၏ သမုဒ္ဒရာဆိုင်ရာ စီမံခန့်ခွဲရေးဋ္ဌာန မှ ရှလိမင် က ရေမိုင် ၁၀,၀၀၀ အကွာအဝေး ရှိသည့် ၇၈ ရက်ကြာ အာတိတ် ခရီးစဉ်တွင် လိုက်ပါလာကြသည့် ပညာရှင် ၁၂၈ ဦး ပါဝင်သည့် သုတေသနအဖွဲ့ နှင့်အတူ လိုက်ပါရန် အမေရိကန် နှင့် ပြင်သစ် သိပ္ပံပညာရှင်များ ကိုလည်း ဖိတ်ကြားထားကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နှင့် ပြင်သစ် သိပ္ပံပညာရှင်များသည် ပင်လယ်သမုဒ္ဒရာနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနကဏ္ဍတွင် တရုတ်နိုင်ငံ၏ အာတိတ်ဒေသ လေ့လာရေး အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အာတိတ ်ဒေသအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု တိုးတက်လာရေး၊ ဖွံ့ဖြိုး တိုးတက်မှုများ ဖြစ်ပေါ်လာရေးတို့ကို ကူညီထောက်ပံပေးနိုင်မည် ဖြစ်ကြောင်း ရှလိမင် က ပြောကြားခဲ့သည်။
၎င်းက “နှင်းနဂါး” သုတေသန သင်္ဘော၏ ယခင်ခရီးစဉ် အတွင်း သွားရောက်ခဲ့သည့် ဧရိယာများအပြင် အာတိတ် သမုဒ္ဒရာအတွင်းရှိ Mendeleyev ကုန်းမြင့်တန်းများ သို့လည်း သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သုတေသန သင်္ဘောတွင် ရဟတ်ယာဉ် ၂ စီး၊ သုတေသန အထောက်အပံ့ စနစ်များနှင့် အရေးပေါ်ကိရိယာများ ပါရှိကြောင်း သိရသည်။ (Xinhua)