Science & Technology
အမြန်ဆုံး Operating စနစ်အား ရှောင်မီ ထုတ်ဖော်

ပေကျင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နည်းပညာ ကုမ္ပဏီကြီး ရှောင်မီ (Xiaomi) ၏ အမြန်ဆုံး Operating စနစ်အား ဇူလိုင်လ ၂၆ ရက်က ထွက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
စမတ်ဖုန်း ထုတ်လုပ်သူ ရှောင်မီက နောက်ဆုံးပေါ် MIUI စီးရီး Operating စနစ် MIUI9 အား ထုတ်ဖော် ပြသလိုက်ပြီး အန်းဒရွိုက်ကို အခြေခံထားသော အမြန်ဆုံး Operating စနစ် တစ်ခုဖြစ်ကြောင်း ရှောင်မီ ပူးတွဲ တည်ထောင်သူ ဟုန်ဖုန်းက ပြောသည်။
MIUI9 Operating စနစ် သည် မိုဘိုင်း အပ်စ် (Apps) ၊ အင်တာနက် သုံးစွဲမှုမြန်ဆန်ခြင်း၊ ဂိမ်းကစားခြင်းနှင့် မှတ်စုများ၊ ပုံများ ရှာဖွေရာတွင် ထူးခြားပြောင်မြောက်စွာ မြန်နှုန်းမြှင့် စွမ်းဆောင်ပေးနိုင်သည်ဟု ဆိုသည်။
MIUI သည် ရှောင်မီ၏ ပထမဆုံး Operating စနစ်ဖြစ်ပြီး စတင် မိတ်ဆက်ခဲ့သည့် ၂၀၁၀ ခုနှစ်ကစ၍ နိုင်ငံပေါင်း ၁၄၂ နိုင်ငံခန့်တွင် သုံးစွဲသူပေါင်း သန်း ၂၈၀ ကျော် ရှိနေပြီဖြစ်သည်။
MIUI9 ကို တရုတ်နိုင်ငံ၌ သြဂုတ်လ ၁၁ ရက်တွင် စတင်၍ Mi 6, Mi 5X နှင့် Redmi Note 4X ဖုန်းများတွင် သုံးစွဲနိုင်မည် ဖြစ်ကြောင်း အခြား မော်ဒယ်ဖုန်းများတွင်မူ သြဂုတ်လ ၂၅ ရက်ကစတင်ကာ တဖြည်းဖြည်းချင်း ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရှောင်မီက နောက်ဆုံး ထုတ်ထားသည့် စမတ်ဖုန်းမှာ ကင်မရာ နှစ်လုံးပါသော Mi 5X ဖြစ်ပြီး ဈေးနှုန်းအားဖြင့် ၁၄၉၉ ယွမ် (အမေရိကန်ဒေါ်လာ ၂၂၂) ရှိကြောင်း၊ သြဂုတ်လ ၁ ရက်မှစတင်၍ Mi.com ၊ Mi Home စတိုးဆိုင်များနှင့် အခြား မိတ်ဖက်နေရာများနှင့် လက်လီ အရောင်းဆိုင်များတွင် ဝယ်ယူနိုင်မည် ဖြစ်သည်။