Connect with us

Science & Technology

တရုတ် နိုင်ငံ မှ စွမ်းအင် အမျိုးအစားသစ် ကို အောင်မြင်စွာ ထုတ်ယူ နိုင်ခဲ့သည့် အတွက် နိုင်ငံတကာ စွမ်းအင် အေဂျင်စီ ၏ တာဝန်ရှိသူ မှ ချီးမွမ်း

နိုင်ငံတကာ စွမ်းအင် အေဂျင်စီ (IEA) ၏ အလုပ်အမှုဆောင် ဒါရိုက်တာ Fatih Birol အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အစ္စတန်ဘူလ် ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

နိုင်ငံတကာ စွမ်းအင် အေဂျင်စီ (IEA) ၏ အလုပ်အမှုဆောင် ဒါရိုက်တာ Fatih Birol က ဇူလိုင် ၁၁ ရက်နေ့ တွင် ကျင်းပ ခဲ့သည့် ၂၂ ကြိမ်မြောက် ကမ္ဘာ့ရေနံညီလာခံ တက်ရောက်စဉ် အတွင်း စွမ်းအင်ဆိုင်ရာ သုတေသန နှင့် တူးဖော်ရေး ပိုင်းတွင် ဦဆောင်နေသည့် တရုတ် နိုင်ငံ က စွမ်းအင် အမျိုးအစား သစ် ဖြစ်သည့် လောင်ကျွမ်း နိုင်သော ရေခဲ (Methane clathrate) ကို အောင်မြင်စွာ ထုတ်ယူ နိုင်ခဲ့သောကြောင့် ဦးဆောင်မှု စွမ်းရည် ကို ထပ်မံ ထင်ရှားစေခဲ့ကြောင်း ပြောကြား ခဲ့သည်။

Birol က ဆင်ဟွာ သတင်းဌာန ၏ တွေ့ဆုံ မေးမြန်းမှု ကို ဖြေကြားခဲ့ရာတွင် တရုတ် နိုင်ငံ သည် လေစွမ်းအင် ၊ နေရောင်ခြည် စွမ်းအင် ၊ နျူကလီးယား စွမ်းအင် စသည့် ကဏ္ဍများတွင် ကမ္ဘာ့ထိပ်တန်း နေရာတွင် ရပ်တည် ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် သဘာဝဓာတ်ငွေ့ လုပ်ငန်း သည် ပြုပြင်ပြောင်းလဲရေး များဖြစ်ပေါ်လာပြီး နိုင်ငံ အသီးသီး မှ သဘာဝဓာတ်ငွေ အမျိုးအစား သစ်ကို တူးဖော်နိုင်ရန် ကြိုးပန်း နေကြကြောင်း ပြောကြား ခဲ့သည်။

လောင်ကျွမ်း နိုင်သော ရေခဲ (Methane clathrate) သည် သဘာဝ ဓာတ်ငွေ့ နှင့် ရေ တို့မှ အလွန်မြင့်မားသည့် ဖိအား နှင့် နိမ့်ပါးသည့် အပူချိန် အောက်တွင် ဖြစ်တည် လာသော ရေခဲ သဏ္ဍာန် ပုံဆောင်ခဲ တစ်မျိုး ဖြစ်သည်။ ယင်းစွမ်းအင် အမျိုးအစား သည် လောင်ကျွမ်းနိုင်မှု စွမ်းရည် အလွန်မြင့်မား ပြီး လေထုညစ်ညမ်းမှု အလွန်နည်းပါးကာ ကမ္ဘာ့ပေါ်တွင် အရင်းအမြစ် လွန်စွာ ပေါများသည့် စွမ်းအင် အမျိုးအစား ဖြစ်သည်။ နိုင်ငံ အသီးသီး မှ ယင်းစွမ်းအင် အမျိုးအစား ကို အနာဂတ် တွင် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ ကို အစားထိုးမည့် စွမ်းအင် အမျိုးအစား ဟု သတ်မှတ်ထားကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ ၏ တောင်တရုတ် ပင်လယ် တွင် လောင်ကျွမ်း နိုင်သော ရေခဲ (Methane clathrate) ကို စမ်းသပ်တူးဖော်မှုသည် ဇူလိုင် ၉ ရက်နေ့တွင် ပြီးဆုံးခဲ့ပြီး မျှော်မှန်းထားသည့် သတ်မှတ်ချက်များ အားလုံး အောင်မြင် နိုင်ခဲ့သည်။ ယခုအကြိမ် တူးဖော်မှု အောင်မြင်ခြင်း သည် တရုတ် နိုင်ငံ ၏ ပထမ ဦးဆုံး စမ်းသပ် တူးဖော်မှု အောင်မြင်ခြင်း ဖြစ်ပြီး ကမ္ဘာ့ပေါ်တွင်လည်း လောင်ကျွမ်း နိုင်သော ရေခဲ (Methane clathrate) ကို ပထမ ဦးဆုံး အောင်မြင် စွာ တူးဖော် နိုင်ခဲ့ခြင်း ဖြစ်သည်။ လောင်ကျွမ်း နိုင်သော ရေခဲ (Methane clathrate) သည် ကမ္ဘာ့ စွမ်းအင် စုစုပေါင်း ၏ ၉၀ ရာခိုင်နှုန်း တည်ရှိပြီး တူးဖော်ရန် အတွက် အလွန်ခက်ခဲသော်လည်း တရုတ် နိုင်ငံ မှ လုံခြုံစွာ နှင့် အောင်မြင်စွာ တူးဖော် နိုင်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.