Connect with us

Science & Technology

တရုတ်နိုင်ငံမှ အရပ်ဖက် လေယာဉ်နှင့်သင်္ဘော လမ်းကြောင်းများ ခြေရာခံနိုင်ရန် ကုဗတုံးပုံ ဂြိုဟ်တုများ လွှတ်တင်

ကုဗတုံးပုံ ဂြိုဟ်တုများ အား အာကာသအတွင်းသို့ ၂၀၁၂ ခုနှစ်အတွင်းက လွှတ်တင်ခဲ့စဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကုဗတုံးပုံ ဂြိုဟ်တု (CubeSats) သုံးခုကို အရပ်ဖက် လေယာဉ်နှင့် သင်္ဘော လမ်းကြောင်းများ ခြေရာခံရန် လွှတ်တင်ခဲ့ပြီး အဆိုပါ လုပ်ဆောင်မှုသည် MH 370 လေယာဉ် ပျောက်ဆုံးမှု ကဲ့သို့သော ကြေကွဲဖွယ် အဖြစ်ဆိုးများမှ ရှောင်လွှဲနိုင်ရန် ရည်ရွယ်၍ လွှတ်တင်ခဲ့ကြောင်း သိရသည်။

ကုဗတုံးပုံ ဂြိုဟ်တုများ (CubeSats) သည် မစ်ရှင် နံပါတ် STU-2 မှဖြစ်ကာ စက်တင်ဘာ ၂၅ ရက်နေ့က လွှတ်တင်ခဲ့ပြီး သတ်မှတ်ထားသော ဂြိုလ်ပတ်လမ်းထဲသို့ ဝင်ရောက်သွား ပြီဖြစ်ကြောင်း မစ်ရှင်၏ ဒီဇိုင်း ထုတ်လုပ်သူ အကြီးအကဲ ဝူရှုဖန်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အာကာသ ယာဉ်သုံးခုတွင် ဝင်ရိုးစွန်း ဒေသ လေ့လာရေး ကင်မရာများ တပ်ဆင် ထားကြောင်းသိရသည်။ ထို ကင်မရာများအပြင် သင်္ဘောများမှ ပို့လွှတ်လိုက်သည့် သတင်း အချက်အလက် များကို အလိုအလျောက် ထုတ်ဖော် ခွဲခြားနိုင်သည့် စနစ် (AIS) ပါရှိသည့် receiverများ နှင့် အရပ်ဖက် လေယာဉ်များမှ ပို့လိုက်သည့် အချက်အလက်များကို အလိုအလျောက် မှီခို စောင့်ကြည့်-ထုတ်လွှင့်သည့် စနစ်(ADS-B) ပါရှိသည့် receiver များ လည်း ပါဝင်သည်။

ADS-B စနစ်ကို အရပ်ဖက် လေယာဉ်များတွင် တပ်ဆင်ထားပြီး ထိုစနစ်မှ လေယာဉ်၏ တည်နေရာ၊ အမြင့်၊ အရှိန်နှုန်း၊ ဦးတည်ချက် နှင့် အခြားသတင်း အချက်အလက်များကို စက္ကန့်နှင့်အမျှ မြေပြင် (သို့) လေ ထဲရှိ receiver များသို့ ပို့လွှတ် နေကြောင်းသိရသည်။ လက်ရှိတွင် လေယာဉ် ၇၀ ရာခိုင်နှုန်းတွင် ADS-B စနစ်ကို တပ်ဆင်ထားကြောင်း သိရသည်။

စက်တင်ဘာ ၂၈ ရက်နေ့ ညနေ၌ STU-2 CubeSats များ လွှမ်းခြုံထားနိုင်သည့် အတိုင်းအတာအတွင်း ပျံသန်းနေသော လေယာဉ်ပေါင်း ၁၂,၄၀၀ ကျော် မှ ထောင်သောင်း များစွာသော ADS-B အချက် အလက်များကို လက်ခံ ရရှိခဲ့ကြောင်း သိရသည်။

ဂြိုဟ်တု၏ စောင့်ကြည့် ဧရိယာ အတွင်းရှိ အရပ်ဖက် လေယာဉ်များ၏ လမ်းကြောင်းနှင့် ဦးတည်ချက်များကို အချိန်နှင့် တပြေးညီ ရရှိနိုင်ကြောင်း သိရသည်။

ဝူ မှ ဂြိုလ်ပတ် လမ်းကြောင်းတွင် နယ်ပယ် ဒေသတွေကို ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံထားနိုင်တဲ့ ဂြိုဟ်တုများ အလုံအလောက် မရှိပါက သီးခြား ရှာဖွေလိုတဲ့ လေယာဉ်ကို ခြေရာ ခံနိုင်ရန်မည် ဖြစ်ပြီး မလေးရှား လေကြောင်းလိုင်းမှ ပျောက်ဆုံးသွားသော MH370 လေယာဉ် ရှာဖွေခြင်းကဲ့သို့သော ကိစ္စများ၊ ကယ်ဆယ်ရေး လုပ်ငန်းများကို ပိုမို ကူညီ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

CubeSats ဂြိုဟ်တုတွေသည် ဝင်ရိုးစွန်း ဒေသတွင် ရှိသည့် နှင်းနဂါး (ခေါ်) တရုတ် ရေခဲခွဲ သင်္ဘော ရွှယ်လုံ ကဲ့သို့သော သင်္ဘောများ အတွက် လိုအပ်သော သတင်းအချက်များကို ထောက်ပံ့ ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဝူမှ STU-2 မစ်ရှင်သည် တရုတ်နိုင်ငံအတွက် အမျိုးအစား အနေဖြင့် ပထမဆုံး ဖြစ်ပြီး အရပ်ဖက် လေယာဉ်နှင့် သင်္ဘောများကို စောင့်ကြည့်သည့် နိုင်ငံ၏ဂြိုဟ်တု ကွန်ရက် ဖွံ့ဖြိုး တိုးတက်မှု အတွက် ခြေလှမ်းတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကုဗတုံးပုံ ဂြိုလ်တုသည် အခြားဂြိုလ်တု များထက် အများအားဖြင့် ပိုမို သေးငယ် ပေါ့ပါးပြီး ထုတ်လုပ်မှုတွင် ပိုမို သက်သာကြောင်း သိရသည်။

ဝူ မှ ကုဗတုံးပုံ ဂြိုလ်တု သုံးခုသည် စုစုပေါင်းအလေးချိန် ၆.၈ ကီလိုဂရမ်သာရှိကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.