Connect with us

Science & Technology

တရုတ်နိုင်ငံ၏ မှော်အံစာတုံး ကွန်ပျူတာဖြင့် အနာဂတ်ကို ပုံဖော်ကြည့်ခြင်း

တရုတ်နိုင်ငံ သိပ္ပံအထူးပြုတက္ကသိုလ် ၏ Earth System Model 1.0 ဆော့ဖ်ဝဲအား ပြသ နေသည် ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

အဆောက်အအုံနှစ်လုံးခန့် အရှည်ရှိပြီး မှော်စာတုံးပုံ(Magic Cube) နှင့် သဏ္ဍာန်တူသော စူပါကွန်ပျူတာကို အသုံးပြု၍ တရုတ် သိပ္ပံပညာရှင်များက ကမ္ဘာမြေကြီး၏ အနာဂတ်အား ပုံဖော်တွက်ချက်လိုကြသည်။

သူတို့မျှော်လင့်တာက သဘာဝလောကကြီး စနစ်ထဲတွင်ရှိသော တိမ်များ ကြီးထွားလာခြင်းမှတဆင့် အနာဂတ် မှာ နှစ် ရာပေါင်း သို့မဟုတ် ထောင်ပေါင်းများစွာ ရာသီဥတုပြောင်းလဲသွားပုံများ အပါအဝင် ကမ္ဘာလောကကြီးမှ အရာအားလုံးကို ပေကျင်းမြို့ မြောက်ဘက် ကျုံ့ကွမ်းချွမ်း ဆော့ဖ်ဝဲ ဥယျာဉ်၌ ရှိသော အပြာရောင် မှော်အံစာတုံးဖြင့် လေ့လာတွက်ချက်နိုင်ရန် ဖြစ်ပါသည်။

ကမ္ဘာ့လေထု သိပ္ပံ တက္ကသိုလ်၊ ကွန်ပျူတာနည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာ သတင်းအချက်အလက် စင်တာနှင့် စူဂန် သတင်းအချက်အလက်လုပ်ငန်း ကုမ္ပဏီ အပါအဝင် တရုတ်နိုင်ငံ သိပ္ပံအထူးပြုတက္ကသိုလ် (CAS) လက်အောက်ရှိ သုတေသန တက္ကသိုလ် အမြောက်အမြားတို့သည် Earth System Numerical Simulator ၏ရှေ့ပြေးပုံစံ ဟု ကနဦး အမည်ပေးထားသော အဆိုပါ အထူး စူပါကွန်ပြူတာ ဖွင့်လှစ်ခြင်း၌ လက်တွဲပါဝင်ခဲ့ပြီး ယင်းကွန်ပျူတာတွင် CAS Earth System Model 1.0 ဆော့ဖ်ဝဲအား တပ်ဆင်အသုံးပြုမည် ဖြစ်သည်။

အဆိုပါရှေ့ပြေးပုံစံသည် အနာဂတ် မြေကမ္ဘာတိုင်းတာ ခွင်တုစက် (Future Earth Simulator)၏ ဆယ်ပုံတစ်ပုံ ခန့်ရှိပြီး လက်ရှိမှာ တော့ ဒီဇိုင်းရေးဆွဲဆဲ အဆင့်သာရှိပါသေးသည်။ သိပ္ပံပညာရှင်များက ထိုစက်အား အသုံးပြု ၍ နောက်ဆုံး ခွင်တုစက် ပြီးမြောက် အောင် လုပ်ဆောင်သွားရန် ရှိသလို ရာသီဥတု ပြောင်းလဲခြင်းအား ကာ လတိုခန့်မှန်း တွက်ချက်နိုင်ရန်နှင့် လေထုညစ်ညမ်းမှုအား ထိန်းချုပ်နိုင်သွားမည် ဖြစ်သည်။

တရုတ်နိုင်ငံ အင်ဂျင်းနီးယားရင်း တက္ကသိုလ်၏ အဖွဲ့ဝင်နှင့် တရုတ်နိုင်ငံ မိုးလေဝသ ဆိုင်ရာ စီမံခန့်ခွဲမှု ပညာရှင် သင်းရိဟွေ့က ရှေ့ပြေးပုံစံနှင့် ဆော့ဖ်ဝဲတို့သည် တရုတ်နိုင်ငံ မြေကမ္ဘာတိုင်းတာ ခွင်တုစက်စနစ်၏ ထိုးဖောက် ကျော်လွှားမှု တစ်ခုဖြစ်ပြီး မိုးလေဝသနှင့် ရာသီဥတုအား လေ့လာရန် အတွက် မြေဆီလွှာ အခြေပြု တိုင်းတာ ခြင်းအား ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။

ထိုကွန်ပျူတာစနစ်သည် လေထု၊ ပင်လယ်ရေစီးကြောင်း၊ မြေမျက်နှာပြင် ဖြစ်စဉ်များနှင့် ဇီဝဗေဒဆိုင်ရာ စနစ် များ တွက်ချက်နိုင်မည် ဟုဆိုပါသည်။ ထို့ပြင် ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေးနှင့် ရာသီဥတု များ တိုးတက် ကောင်းမွန်လာအောင် လုပ်ဆောင်ပေးခြင်းများအတွက်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်နိုင်ပါလိမ့်မည်။

ယင်း မြေကမ္ဘာတိုင်းတာ ခွင်တုစက်စနစ်အတွက် စွမ်းဆောင်ရည်မြင့် ကွန်ပျူတာတစ်လုံး လိုအပ်ပါသည်။ ထိုမှော်အံစာတုံး အထူးကွန်ပျူတာ အတွက် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ယွမ် ၉၀ မီလီယံ( အမေရိကန်ဒေါ်လာ ၁၄ မီလီယံ)ရှိသလို ကွန်ပျူတာ စွမ်းရည် အနည်းဆုံး 1 petaflop နီးပါးမြင့်မားပြီး စုစုပေါင်း သိမ်းဆည်းနိုင် စွမ်းအား 5 PBကျော် ရှိပါသည်။

လာမည့် ခြောက်နှစ်တာအတွက် လေထုလည်ပတ်မှု၊ ရေလည်ပတ်မှု၊ ကျောက်နှင့် မြေဆီလွှာ လည်ပတ်မှု ၊ ဇီဝဗေဒဆိုင်ရာ နှင့် သဘာဝ လည်ပတ်မှုများ၏ ပြောင်းလဲမှု ဖြစ်စဉ် များအား တစ်ရက်တည်းနှင့် တွက်ချက်နိုင် မည် ဖြစ်ကြောင်း လေထုဆိုင်ရာ ရူပဗေဒ တက္ကသိုလ်၏ သတင်းအချက်အလက်စင်တာ ညွှန်ကြားရေးမှူး ကျိုးကွမ်ချင့်က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.