Connect with us

Science & Technology

တရုတ်နိုင်ငံ တွင် ကမာ့္ဘ အကြီးဆုံး ရေဒီယို အဝေးကြည့် မှန်ပြောင်းသည် စူပါ ကွန်ပြူတာ အကူအညီဖြင့် အာကာသ လေ့လာ ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်မည်

တရုတ်နိုင်ငံရှိ ကမာ့္ဘ အကြီးဆုံး ရေဒီယို အဝေးကြည့် မှန်ပြောင်း (ဆင်ဟွာ)

ထျန်းကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ကွေ့ကျိုး ပြည်နယ် အခြေစိုက် ကမ္ဘာ့ အကြီးဆုံး ရေဒီယို အဝေးကြည့် မှန်ပြောင်းသည် တစ်စက္ကန့်လျှင် တွက်ချက် လုပ်ဆောင်မှုပေါင်း ၁,၀၀၀ ထရီလီယံ ပြုလုပ်နိုင်သည့် စူပါ ကွန်ပြူတာ Skyeye-1 ၏အကူအညီဖြင့် အာကသ လေ့လာ ရှာဖွေရေး လုပ်ငန်းများကို လုပ်ဆောင်တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဝေးကြည့် မှန်ပြောင်းကို ကွေ့ကျိုးဒေသ ရှိ တောင်များအလယ် ဘောလုံးကွင်း ၃၀ စာ အကျယ် အဝန်း ရှိသည့် နေရာတွင် တည်ဆောက် လျက်ရှိကြောင်း အဝေးကြည့် မှန်ပြောင်း ဆောက်လုပ်ရေးတွင် ပါဝင်သည့် Dawning Information Industry ကုမ္ပဏီ ၏ ပြောကြားချက် အရသိရသည်။

စက်ဝန်းပုံ အလင်းဝင်ပေါက် အချင်း ၅၀၀ မီတာရှိသည့် အဝေးကြည့် မှန်ပြောင်း (FAST) သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဖြစ်လာမည် ဖြစ်ပြီး အချင်း ၃၀၀ မီတာ သာရှိသည့် အမေရိကန် ပြည်ထောင်စု ပေါ်တိုရီကို ကျွန်းစု ရှိ အရတ်ဆီဘို လေ့လာရေး မှန်ပြောင်းကို ထက်သာလွန် သွားမည် ဖြစ်ကြောင်း သိရသည်။

အလင်းနှစ် ဘီလီယံပေါင်း များစွာ အကွာအဝေးမှ ရေဒီယို အချက်ပြမှုများကို အဆိုပါ FAST မှန်ပြောင်း ဖြင့် ဖမ်းယူနိုင်မည် ဖြစ်ပြီး ၂၀၁၆ခုနှစ် အတွင်း တည်ဆောက် ပြီးစီးချိန်တွင် တရုတ်နိုင်ငံ၏ အာကာသ စူးစမ်းလေ့လာမှု အကွာအဝေး လပတ်လမ်းကြောင်း မှသည် နေစကြာဝဠာ ၏ အစွန်းဖက် အထိ ကျယ်ပြန့်လာမည် ဖြစ်သည်။

အဆိုပါ FAST မှန်ပြောင်းသည် များပြားလှသည့် အချက်အလက်များကို ထိန်းသိမ်းရန်နှင့် တွက်ချက်နိုင်ရန် အလွန် ကောင်းမွန်သော စူပါ ကွန်ပြူတာ လိုအပ်သည့် အတွက် တရုတ်နိုင်ငံ သိပ္ပံ အကယ်ဒမီ လက်အောက်ရှိ ကွန်ပြူတာ နည်းပညာ အဖွဲ့အစည်း (CASICT)၊ Dawning Information Industry ကုမ္ပဏီနှင့် China (Guizhou) Skyeye အုပ်စု တို့သည် ကွေ့ကျိုး ပြည်နယ်တွင် ချင်းနန် စူပါ ကွန်ပြူတာ စင်တာ တည်ဆောက်ရန် အတွက် သဘောတူညီချက် တစ်ခုကို ယမန်နှစ် နိုဝင်ဘာလ တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။FAST မှန်ပြောင်း၏ ပထမအဆင့် အချက်အလက် သိမ်းဆည်းမှု ပမာဏ အနေဖြင့် 10 petabyte (1015 Bytes) လိုအပ်ကြောင်း CASICT မှ သုတေသီ ကျင်းပေ့ဟန် ကပြောကြားခဲ့သည်။စူပါ ကွန်ပြူတာ Skyeye-1 သည် တစ်စက္ကန့်တွက်ချက်နှုန်း ၁,၀၀၀ ထရီလီယံ ရှိကာ တစ်စက္ကန့်လျှင် 100 gigabytes ဖြင့် ကွန်ရက်များကို မြန်နှုန်းမြင့် ချိတ်ဆက် နိုင်သောကြောင့် FAST မှန်ပြောင်း၏ လိုအပ်ချက် များကို ကောင်းစွာဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း Dawning Information Industry ကုမ္ပဏီမှ ဒုဥက္ကဌ ရွန်ကျင်းရောင် မှ ပြောကြားခဲ့သည်။

အဝေးကြည့် မှန်ပြောင်းကို ကွေ့ကျုံ ပြည်နယ်တောင်ပိုင်း တွင် သဘာဝအတိုင်း ပန်းကန်လုံးပုံ ဖြစ်ပေါ်နေသည့် တောင်ကြား၌ ၂၀၁၁ ခုနှစ် မတ်လတွင် စတင် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.