Science & Technology
တရုတ်နှင်းနဂါး ရေခဲခွဲသင်္ဘောကြီး နှစ် စင်း တောင်သမုဒ္ဒရာတွင် သိပံ္ပစူးစမ်းလေ့လာမှုများ ပြုလုပ်

ရွှဲလုံ၂ ၊ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ)
နှင်းနဂါး သင်္ဘောများဟု အမည်ရှိသည့် တရုတ်နိုင်ငံ၏ Xue Long နှင့် Xue Long 2 ရေခဲခွဲသင်္ဘောကြီး နှစ်စင်း သည် ဒီဇင်ဘာ ၂၄ ရက် တောင်သမုဒ္ဒရာ Cosmonauts ပင်လယ်နှင့် Amundsen ပင်လယ်တွင် သိပံ္ပ စူးစမ်းလေ့လာမှုများ ပြုခဲ့ကြောင်း သိရသည်။ ၎င်းမှာ တရုတ်နိုင်ငံ၏ ၃၆ ကြိမ်မြောက် အန္တာတိက စူးစမ်း လေ့လာရေးခရီးစဉ်၏ တောင်သမုဒ္ဒရာတွင် နှင်းနဂါး သိပံ္ပစူးစမ်းလေ့လာမှုများ စတင်ပြုလုပ် ခြင်းဖြစ်ကြောင်း သိရသည်။
“အခုတစ်ကြိမ်ကတော့ Cosmonautsနဲ့Amundsen ပင်လယ်ပြင်တွင် အဏ္ဏဝါသဘာဝပတ်ဝန်းကျင်စူးစမ်းလေ့လာတာပါ။ အန္တာတိက ရာသီဥတုပြောင်းလဲမှု၊ အဏ္ဏဝါဂေဟဗေဒစတာကို လေ့လာသွားပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲမှုအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ ဆိုတာကို ထဲထဲဝင်ဝင်စူးစမ်းလေ့လာသွားဖြစ်ပါတယ်”ဟု တရုတ်နိုင်ငံ ၃၆ ကြိမ်မြောက် အန္တာတိက စူးစမ်းလေ့လာရေးအဖွဲခေါင်းဆောင် ရှလိမင်က ဆိုသည်။
တရုတ်နိုင်ငံ၏ နှင်းနဂါး ရေခဲခွဲ သင်္ဘောကြီးအား ဒီဇင်ဘာ ၂၄ ရက်က တောင်သမုဒ္ဒရာ ပင်လယ်ပြင်၌ တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ နှင်းနဂါး ရေခဲခွဲ သင်္ဘောကြီးအား ဒီဇင်ဘာ ၂၄ ရက်က တောင်သမုဒ္ဒရာ ပင်လယ်ပြင်၌ တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ၃၆ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးတွင် Xue Long နှင့် Xue Long 2 ရေခဲခွဲသင်္ဘောကြီးနှစ်စင်းအပြင် ကျုံးဆန်း၊ ဂရိတ်ဝေါ၊ ထိုက်ဆန်းဟုအမည်ရသော လေ့လာရေးစခန်းနှင့် ယခု Inexpressible ကျွန်းတွင် ဆောက်လုပ်နေဆဲဖြစ်သည့် စခန်းသစ်အပါအဝင် အဓိကလေ့လာရေးစခန်း ၄ ခု ရှိကြောင်း သိရသည်။ လက်ရှိတွင် Inexpressible ကျွန်းတွင် စခန်းသစ်ဆောက်လုပ်မည့် အဖွဲ့ဝင်များက Xue Long ရေခဲခွဲသင်္ဘောကြီး ကို စီးနှင်းထွက်ခွာသွားပြီဖြစ်ကြောင်း ၊ ကျန်လေ့လာရေးစခန်း ၃ ခုတွင် သိပံ္ပ စူးစမ်းလေ့လာမှုများ ဘက်စုံစတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)