Connect with us

Science & Technology

တရုတ်နိုင်ငံရှိ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသော ဆမ်ဆောင်း၏ စီမံကိန်းမှ ၂၀၂၀ ခုနှစ်တွင် အမြောက်အမြား ထုတ်လုပ်မှုစတင်မည်

ဆမ်ဆောင်းကုမ္ပဏီ လိုဂိုအား တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည့် ဆမ်ဆောင်းကုမ္ပဏီ၏ ချိ(ပ်) (chip) စက်ရုံ ဒုတိယအဆင့်က ၂၀၂၀ ပြည့်နှစ်တွင် ထုတ်လုပ်မှု အမြောက်အမြား စတင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Samsung China Semiconductor ကုမ္ပဏီ လီမိတက်က ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားလိုက်သည်။

ဒေါ်လာ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်း၏ ပထမအဆင့်မှာ ၂၀၂၀ ခုနှစ် မတ်လတွင် ပြီးစီးမည်ဖြစ်ကာ လုပ်ငန်းလည်ပတ်တော့မည်ဖြစ်သည်။ စီမံကိန်း ဒုတိယအဆင့်မှာမူ ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်တွင် ပြီးစီးရန်လျာထားကြောင်း ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။

ဆမ်ဆောင်းကုမ္ပဏီက ချိ(ပ်) ထုတ်လုပ်မှုစွမ်းဆောင်ရည် တိုးချဲ့ရေးအတွက် စက်ရုံစီမံကိန်း ဒုတိယအဆင့် စတင်ရန် ဆန်ရှီးပြည်နယ်အစိုးရနှင့် သဘောတူညီမှုတစ်ခု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117