Connect with us

Science & Technology

တရုတ်နိုင်ငံက Long March-5 ဂြိုဟ်တုသယ်ဆောင်ရေး ဒုံးပျံအသုံးပြု၍ Shijian-20ဂြိုဟ်တုကို အာကာသသို့ လွှတ်တင်

တရုတ်နိုင်ငံ၏ Long March-5 ဂြိုဟ်တု သယ်ဆောင်ရေးဒုံးပျံကြီးအား ဒီဇင်ဘာ ၂၁ ရက်က တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဝန်ချန်းအာကာသစခန်း တွေ့ရစဉ်(ဆင်ဟွာ)

ဟိုင်နန်၊ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက Long March-5 ဂြိုဟ်တု သယ်ဆောင်ရေးဒုံးပျံကို အသုံးပြု၍  Shijian-20 ဂြိုဟ်တုအား ဒီဇင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် ၂၀ နာရီ ၄၅ မိနစ်တွင် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဝန်ချန်းအာကာသစခန်းမှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။ ၎င်းမှာ Long March စီးရီး ဂြိုဟ်တု သယ်ဆောင်ရေး ဒုံးပျံ၏ ၃၂၃ ကြိမ်မြောက် ဂြိုဟ်တုအောင်မြင်စွာလွှတ်တင်ခြင်း ဖြစ်ကြောင်း သိရသည်။

Long March-5 အဆင့်မြင့်တင်ထားသော ဂြိုဟ်တု သယ်ဆောင်ရေးဒုံးပျံဖြစ်ပြီး တရုတ်နိုင်ငံ၏ ပထမဆုံး တွန်းအားမြင့် Non-toxic and pollution-free liquid rocket ဖြစ်ရာ ဒုံးပျံတွင် ထိပ်ဖူးခွဲသော အဆင့် ၂ ဆင့်ပါဝင်ပြီး ကမာ္ဘပတ်လမ်းထဲသို့ အလေးချိန် ၂၅ တန် သယ်ဆောင်နိုင်ကြောင်း သိရသည်။၎င်း၏ စွမ်းရည်နှင့် နည်းပညာသည့် နိုင်ငံတကာ၌ရှေ့တန်းနေရာတွင် ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ Long March-5 ဂြိုဟ်တု သယ်ဆောင်ရေးဒုံးပျံကြီးအား ဒီဇင်ဘာ ၂၁ ရက်က တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဝန်ချန်းအာကာသစခန်း တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ Long March-5 ဂြိုဟ်တု သယ်ဆောင်ရေးဒုံးပျံကြီးအား ဒီဇင်ဘာ ၂၁ ရက်က တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဝန်ချန်းအာကာသစခန်း တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံက Long March-5 ဂြိုဟ်တု သယ်ဆောင်ရေးဒုံးပျံကို အသုံးပြု၍  Shijian-20 ဂြိုဟ်တုအား ဒီဇင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် ၂၀ နာရီ ၄၅ မိနစ်တွင် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဝန်ချန်းအာကာသစခန်းမှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ) 

 ယခုအကြိမ်ဂြိုဟ်တု လွှတ်တင်နိုင်ခြင်းသည်  တရုတ်နိုင်ငံက အလေးချိန်မြင့် အာကာသယာဉ်များကို လွှတ်တင်နိုင်စွမ်းရှိခြင်း နှင့် အာကာသထဲအတွင်းပိုင်း ပိုမိုဝေးလံသည့် နေရာသို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခြင်း တို့ကြောင့် အနာဂတ်တွင် လကမ္ဘာစူးစမ်းခြင်း အဆင့် ၃ နှင့်  ပထမဆုံး အင်္ဂါဂြိုဟ်အား လေ့လာခြင်းခရီးစဉ်များအကောင်အထည်ဖော်ရန်အတွက် အရေးကြီးသည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း သိရသည်။ Shijian-20 သည် အမြင့်ဂြိုဟ်ပတ်လမ်းအတွင်း လှည့်လည်မည့် ဆက်သွယ်ရေးဂြိုဟ်တု အမျိုးအစားဖြစ်ရာ ၎င်းသည် တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာမှုအတွက် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117