Science & Technology
တရုတ်ရေနက်သွား ရေငုပ်သင်္ဘော အိန္ဒိယသမုဒ္ဒရာ အနောက်မြောက်ပိုင်း၌ လေ့လာရေးစတင်

ပေကျင်း ၊ မတ် ၂ ရက်(ဆင်ဟွာ)
Jialong ဟု အမည်ပေးထားသော တရုတ်နိုင်ငံထုတ် ရေနက်သွားရေငုပ်သင်္ဘောတစ်စင်းကို မတ်လ ၁ ရက်တွင် အိန္ဒိယသမုဒ္ဒရာ အနောက်မြောက်ပိုင်း၌ ပင်လယ်ရေအောက် အနက် ၃၁၁၇ မီတာသို ဆင်းသက်ကာ လေ့လာရေး ခရီးစဉ်စတင်ခဲ့ကြောင်း သိရသည်။
၎င်းအစီအစဉ်ကို တရုတ်နိုင်ငံရှိ အမှတ် ၃၈ ပင်လယ်သမုဒ္ဒရာသိပ္ပံဆိုင်ရာ စွန့်စား ရှာဖွေရေးအဖွဲ့ က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး Jiaolong၏ပထမဦးဆုံး ပင်လယ်ရေနက်အောက် စူးစမ်းရှာဖွေရေးကို ယခုနှစ်အတွင်းလုပ်ဆောင်သွားမည်ဖြစ်သည်။
ရေငုပ်သင်္ဘော၏ပင်လယ်ရေအောက် စူးစမ်းရှာဖွေရေးဆိုင်ရာ တပ်မှူး Yu Hongjun က စွန့်စားရှာဖွေခြင်းဆိုင်ရာ စမ်းသပ်မှုကိုအပြည့်အဝလုပ်ဆောင်ထားပြီးဖြစ်ကြောင်း နှင့် ရေအောက်ရှိ ဆာလ်ဖိုက် ၄.၂ ကီလိုဂရမ် ၊ ဆား ၁၈.၇ ကီလိုဂရမ် နှင့် ပင်လယ်ရေအောက် ရေ ၁၆ လီတာတို့အပါဝင် အမယ်မျိုးစုံကို စုဆောင်းရယူထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပင်လယ်ရေအောက် စွန့်စားရှာဖွေမှုဆိုင်ရာ သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ Han Xiqiu က ၎င်းဧရိယာအတွင်းရှိ အရေးကြီးသော အရင်းအမြစ်များကို ရေငုပ်သင်္ဘောက ဖော်ထုတ်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၁၂၄ ရက်ကြာပြုလုပ်မည့် ပင်လယ်ရေအောက် စူးစမ်းရှာဖွေမှု ခရီးစဉ်အတွင်း Jiaolong သည် တောင်တရုတ်ပင်လယ် နှင့် Yap ရေနုတ်မြောင်းအတွင်း၌လည်း စူးစမ်းရှာဖွေမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Jialong သည် ဒဏ္ဍာရီလာ နဂါးကြီး၏ အမည်ဖြစ်ပြီး ၂ဝ၁၂ ခုနှစ်တွင် အဏ္ဏဝါကြမ်းပြင်အောက် အနက် ၇၀၆၂ မီတာအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။(Xinhua)