Connect with us

Science & Technology

တရုတ်နိုင်ငံမှ တည်ဆောက်နေသော ကမ္ဘာ့အကြီးဆုံး ကုန်းရေ နှစ်မျိုးသွားနိုင်သည့် လေယာဉ်၏ အင်ဂျင်စမ်းသပ်မှုအောင်မြင်


ကွမ်ကျိုး ၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ China Aviation Industry General Aircraft ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသော AG 600 အမျိုးအစား ကမ္ဘာ့အကြီးဆုံး ကုန်းရေနှစ်မျိုးသွားနိုင်သည့် လေယာဉ်၏ အင်ဂျင်စမ်းသပ်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း နှင့် ၂ဝ၁၇ ခုနှစ်ပထမခြောက်လတွင် ပထမဆုံးပျံသန်းမှုကို စတင်ရန် မျှော်လင့်ရကြောင်း ကုမ္ပဏီက ဖေဖော်ဝါရီလ ၁၄ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ AG600 အမျိုးအစားလေယာဉ်ကြီးကို တရုတ်နိုင်ငံတောင်ပိုင်းမြို့တော် Zhuhai ၌ ၂ဝ၁၆ ခုနှစ် ဇူလိုင်လစတင် တည်ဆောက်ခဲ့ပြီး တိကျသေချာသော စမ်းသပ်မှုအဆင့်ဆင့်ကို မြေပြင်၌ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး ကုန်းရေ နှစ်မျိုးစလုံး မောင်းနှင်နိုင်သည့် လေယာဉ်တည်ဆောက်နေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကမ္ဘာ့အကြီးဆုံး ကုန်းရေ နှစ်မျိုးစလုံး မောင်းနှင်နိုင်သည့် လေယာဉ်တည်ဆောက်နေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကမ္ဘာ့အကြီးဆုံး ကုန်းရေ နှစ်မျိုးစလုံး မောင်းနှင်နိုင်သည့် လေယာဉ်တည်ဆောက်နေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် မှ ၁၃ ရက်အတွင်း အင်ဂျင်စွမ်းဆောင်ရည်အပေါ် အကောင်းဆုံး စမ်းသပ်ခဲ့ကြောင်း ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။၎င်းလေယာဉ်သည် အလျား ၃၇ မီတာ နှင့် တောင်ပံဖြန့်အရှည် ၃၈.၈ မီတာ ရှိပြီး ကမ္ဘာ့အကြီးဆုံး ကုန်းရေနှစ်မျိုးမောင်းနှင်နိုင်သည့် လေယာဉ်ဖြစ်သည်။ ထို့ပြင် ၎င်း၏ အရွယ်အစားသည် ဘိုးရင်း ၇၃၇ လေယာဉ်အရွယ်အစားရှိသည်။၎င်းလေယာဉ်ကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အထောက်အကူပြုရန် ရည်ရွယ်ထားသည်။AG600 လေယာဉ်သည် အများဆုံး ကုန်ပစ္စည်းအလေးချိန် ၅၃.၅ တန်ကို သယ်ဆောင်နိုင်ပြီး အချိန် စက္ကန့်၂ဝ အတွင်း ရေတန်ချိန် ၁၂ တန်ကို စုပ်ယူနိုင်စွမ်းရှိကြောင်း သိရသည်။ ၎င်းလေယာဉ်ကို တည်ဆောက်နိုင်ရန် တရုတ်နိုင်ငံရှိ ပြည်နယ်များ နှင့် မြို့ကြီး ၂ဝ တို့မှ သိပ္ပံဌာနပေါင်း ၁၅ဝ ကျော်က သုတေသနအဖွဲ့များ နှင့် လေယာဉ်အစိတ်အပိုင်းတပ်ဆင်သည့် အဖွဲ့ပေါင်း ၇ဝ ကျော်တို့က အချိန် ၇ နှစ်နီးပါးယူကာ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။ ထို့ပြင် လေယာဉ်အစိတ်အပိုင်း၏ ၉ဝ ရာခိုင်နှုန်းကျော်မှာ တရုတ်နိုင်ငံမှ ထုတ်လုပ်ထားသည့် တန်ဆာပလာများ ဖြစ်သည်။

၎င်းလေယာဉ်သည် လက်ရှိအချိန်ထိ အမှာစာ ၁၇ စောင်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.