Connect with us

Science & Technology

တရုတ်နိုင်ငံ က “TK-1” အမည်ရှိ စမ်းသပ်ရေး ဂြိုဟ်တု လွှတ်တင်

ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံ “KT-2” ပုံစံငယ်အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကျူချွမ်၊ မတ် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဖေဖော်ဝါရီ ၃ ရက်က “TK-1” အမည်ရှိ စမ်းသပ်ရေး ဂြိုဟ်တုတစ်လုံးအား နိုင်ငံ၏ အနောက်မြောက်ပိုင်းရှိ ကျူချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂြိုဟ်တုအား ဖေဖော်ဝါရီ ၃ ရက် နံနက် ရး၅၃နာရီတွင် “KT-2” ဒုံးပျံဖြင့် တင်ဆောင် ပစ်လွှတ်ခဲ့ပြီးနောက် ယင်းဂြိုဟ်တုသည်သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

“TK-1” ဂြိုဟ်တု သည် တရုတ်နိုင်ငံ လေကြောင်းအာကာသသိပ္ပံ နှင့် စက်မှု ကော်ပိုရေးရှင်း (CASIC) က တစ်ဦးတည်း ဖန်တီးတည်ဆောက်ခဲ့သော ပထမဆုံးဂြိုဟ်တု တစ်လုံးဖြစ်ပြီး အသေးစားဂြိုဟ်တု အခြေခံ နည်းပညာများ အသုံးပြု၍ စမ်းသပ်မှုများဆောင်ရွက်ခြင်း၊ ဆက်သွယ်မှုများပြုလုပ်ခြင်း နှင့် အဝေးထိန်းစနစ်ဖြင့် အာရုံခံခြင်းတို့အတွက် အသုံးချသွားမည်ဖြစ်ကြောင်း သိရသည်။

“KT-2” ဒုံးပျံသည် တရုတ်နိုင်ငံ လေကြောင်းအာကာသသိပ္ပံ နှင့် စက်မှု ကော်ပိုရေးရှင်း (CASIC) ၏ စီးပွားဖြစ် အာကာသအစီအစဉ် ရှိ သယ်ဆောင်ရေးစနစ် ၅ခုအနက် တစ်ခု အပါအဝင်ဖြစ်ပြီး ယင်းဒုံးပျံသည် ဂြိုဟ်တုသယ်ဆောင်နိုင်မှုစွမ်းရည်မြင့်မားကြောင်း CASIC ကပြောကြားခဲ့သည်။ (Xinhua)