Connect with us

Science & Technology

တရုတ်သမ္မတမှ လုံခြုံ စိတ်ချရပြီး ငြိမ်းချမ်းရေးနှင့် ပွင့်လင်း မြင်သာမှု သဘောဆောင်သည့် ဆိုက်ဘာ ပူးပေါင်း ဆောင်ရွက်မှုအား ထောက်ခံအားပေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဝါရှင်တန် ပြည်နယ်၊ ရက်မွန်းမြို့ရှိ မိုက်ခရို ဆော့စ်ရုံးချုပ် သို့ သွားရောက် လေ့လာစဉ် (ဆင်ဟွာ)

စီယက်တယ်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် လုံခြုံစိတ်ချရပြီး ငြိမ်းချမ်းရေးနှင့် ပွင့်လင်း မြင်သာမှု သဘောဆောင်သည့် ဆိုက်ဘာ ပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံ အားပေးပါကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

ဝါရှင်တန် ပြည်နယ်၊ ရက်မွန်းမြို့ရှိ မိုက်ခရို ဆော့စ်ရုံးချုပ်၌ ပြုလုပ်သည့် တရုတ်-အမေရိကန် အင်တာနက် ဖိုရမ်တွင် ရှီမှ သတင်းအချက်အလက်နည်းပညာများ လျှင်မြန်စွာတိုးတက်ပြောင်းလဲနေသော ကြောင့် အင်တာနက်နည်းပညာသည် နိုင်ငံ တစ်ခုချင်းစီသာ မက တကမ္ဘာလုံး၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ် များကို ဖော်ဆောင်ရာတွင် အရေးကြီးသော အခန်းကဏ္ဍ တစ်ခုအနေဖြင့် ပါဝင်လာကြောင်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

သို့ဖြစ်၍ ဆိုက်ဘာ လုပ်ငန်းကို ဘယ်လို ထိန်းချုပ်မလဲ နှင့် ပိုမို ကောင်းမွန်အောင် ဘယ်လို အသုံးချမလဲ ဆိုတာတွေသည် နိုင်ငံတိုင်း အတွက် ကြီးမားသည့် ပုစ္ဆာ တစ်ပုဒ် ဖြစ်လာ၍ ဆိုက်ဘာလုပ်ငန်းကို ဂရုတစိုက် လေ့လာသင့်ကြောင်း ရှီမှ ပြောကြားခဲ့သည်။

ရှီမှဆက်လက်၍ တရုတ်နိုင်ငံ အနေဖြင့် လုံခြုံ စိတ်ချရပြီး ငြိမ်းချမ်းရေးနှင့် ပွင့်လင်းမြင်သာမှု သဘောဆောင်သည့် ဆိုက်ဘာ ပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံ အားပေးပါကြောင်း၊ ထိုသို့ ဖြစ်ပေါ် လာစေရန် နိုင်ငံတိုင်းမှ နှင့် အင်တာနက် ပေါ်လစီကို သက်ဆိုင်ရာ နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော မူဝါဒများကိုလဲ ချမှတ်သင့်ကြောင်း ပြောကြားခဲ့သည်။

အင်တာနက်နယ်ပယ်တွင် တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့ သည် အရေးကြီးသော နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံ၏ ဘုံအကျိုးစီပွားနှင့် ပူးပေါင်း ဆောင်ရွက်နိုင်သည့် အခန်းကဏ္ဍများ ရှိပါကြောင်းနှင့် နှစ်နိုင်ငံ ဆိုက်ဘာအရေးနှင့် ပတ်သက်၍ ဆွေးနွေ ဆောင်ရွက်ရာတွင် အချင်းချင်း လေးစားမှုနှင့် ယုံကြည်မှုတို့ကို အခြေခံ၍ ဆောင်ရွက်သင့်ပါကြောင်း ရှီမှ အကြံပြု ပြောကြားခဲ့သည်။

ရှီမှ ဆက်လက်၍ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး အတွက် အောင်မြင်မှု လမ်းစ သစ်တစ်ခုကို ဖန်တီးလာနိုင်မည် ဖြစ်ပြီး ဆိုက်ဘာ လုပ်ငန်းနှင့် ပတ်သက်၍ နှစ်နိုင်ငံ လုံးအတွက်သာမက တစ်ကမ္ဘာလုံးရှိ ပြည်သူများ၏ အကျိုးစီးပွားများကို ယူဆောင် လာနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)