Connect with us

Science & Technology

တရုတ်နိုင်ငံ “Long March-11”သယ်ယူ ပို့ဆောင်ရေး ဒုံးပျံကို အောင်မြင်စွာ ကနဦး စမ်းသပ် လွှတ်တင်နိုင်

Long March-6 သယ်ယူပို့ဆောင်ရေး ဒုံးပျံ ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံ ရှန်ရှီးပြည်နယ် ထိုက်ယံ ဂြိုလ်တု လွှတ်တင်ရေး စင်တာမှ လွှတ်တင်စဉ် (ဆင်ဟွာ)

ကျိုချန်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်သည် သယ်ယူ ပို့ဆောင်ရေး ဒုံးပျံသစ် “Long March-11” ကို ကန်းစု ပြည်နယ် အနောက် တောင်ပိုင်းရှိ ကျိုချန်း ဂြိုလ်တု လွှတ်တင်ရေး စင်တာ၌ သောကြာနေ့ မနက် ၉ နာရီတွင် အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့သည်။

အဆိုပါ ဒုံးပျံသည် ဂြိုလ်တု အသေးစား ၄ ခုကို အာကာသထဲသို့ သယ်ဆောင် သွားမည် ဖြစ်ပြီး ယင်းဂြိုလ်တု များကို ကနဦး စမ်းသပ်သည့် အနေဖြင့် လွှတ်တင်ခြင်း ဖြစ်သည်။

လောင်စာအခဲ အသုံးပြုသည့် သယ်ယူ ပို့ဆောင်ရေး ဒုံးပျံကို တရုတ်ယာဉ် ပစ်လွှတ်ခြင်း နည်းပညာ ဆိုင်ရာ တက္ကသိုလ်နှင့် အတူ တရုတ် အာကာသ သိပ္ပံနှင့် စက်မှု လုပ်ငန်း ကော်ပိုရေးရှင်းတို့မှ ထုတ်လုပ်ခြင်း ဖြစ်သည်။

အဆိုပါ သယ်ယူပို့ဆောင်ရေး ဒုံးပျံသည် အဓိကအားဖြင့် ဂြိုလ်တု အသေးစား များကို လွှတ်တင်ရန် အတွက် ဖြစ်သည်။ တက္ကသိုလ်မှ ထုတ်ပြန်ချက်အရ ထိုဒုံးပျံကို လွှတ်တင် နိုင်ခြင်းသည် နိုင်ငံတွင်း လောင်စာအခဲ အသုံးပြုသည့် ဒုံးပျံ ယာဉ်များ အတွက် နည်းပညာ သော့ချက် တစ်ခုဖြစ်သလို နိုင်ငံအတွက် အဓိက ကျသည့် ရှာဖွေတွေရှိမှု တစ်ခု ဖြစ်ကြောင်း သိရှိရသည်။

ယခု အကြိမ် လွှတ်တင်ခြင်းသည် “Long March” ဒုံးပျံ အုပ်စုများ၏ အကြိမ် ၂၁၁ ကြိမ်မြောက် လွှတ်တင်မှု ဖြစ်သည်။ (Xinhua)