Connect with us

Science & Technology

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ထားသော ရထားလမ်း ဖောက်လုပ်မည်

တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ပေးမည့် ရထားလမ်း (ဆင်ဟွာ)

နန်နင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ပေးမည့် ရထားလမ်း ဖောက်လုပ်မှုကို ၂၀၁၅ ခုနှစ် အကုန်ပိုင်းတွင် စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် တာနာဆက် ပါတီမာ ပရာဂွန်က ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ၏ တောင်ပိုင်း မြို့တော် ဖြစ်သော နန်နင်း မြို့၌ ကျင်းပခဲ့သည့် ၁၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ ပါတီမာ ပရာဂွန်က ရထားလမ်း စီမံကိန်းသည် ထိုင်းနိုင်ငံ၏ ပထမ အဆင့် သတ်မှတ်ချက် ရှိသည့် ရထားလမ်း စီမံကိန်း ဖြစ်လာနိုင်ပြီး ရထားလမ်းအရှည် စုစုပေါင်း ၈၄၀ ကီလိုမီတာ ရှိမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်။ အဆိုပါ ရထားလမ်းသည် လာအိုနိုင်ငံကို ဖြတ်၍ တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံကြား ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးနှင့် ပြည်သူများ လွယ်ကူစွာ သွားလာနိုင်ရေးတို့အတွက် အရေးပါသော ပို့ဆောင်ရေး လမ်းကြောင်း တစ်ခု ဖြစ်လာမည် ဖြစ်သည်။

ရထားလမ်းကို တရုတ်နိုင်ငံ ယူနန် ပြည်နယ် ကူမင်းမြို့မှ စတင်မည် ဖြစ်ပြီး ထိုင်းနိုင်ငံ နောင်ခိုင်း ပြည်နယ်နှင့် ဘန်ကောက်မြို့တို့ အပါအဝင် ရရောင် ပြည်နယ်အထိပါ ဆက်သွယ်ထားမည် ဖြစ်သည်။

ပါတီမာ ပရာဂွန်မှ အဆိုပါ ရထားလမ်းသည် အထူး စီးပွားရေးဇုန် တည်ဆောက်ခြင်းများကိုလဲ ဆွဲဆောင်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းမှဆက်၍ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အဓိကအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုး စုစုပေါင်း အမေရိကန် ဒေါ်လာ ၆၃.၆ ဘီလီယံ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)