Connect with us

Science & Technology

ပဉ္စမအကြိမ်မြောက် ကမ္ဘာ့အင်တာနက်ကွန်ဖရင့်ကို နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၌ ကျင်းပမည်

စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အင်တာနက်ကွန်ဖရင့် ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ပဉ္စမအကြိမ်မြောက် ကမ္ဘာ့အင်တာနက်ကွန်ဖရင့် (WIC) ကို နိုဝင်ဘာလတွင် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဝူကျန်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ Cyberspace Administration ဒုတိယညွှန်ကြားရေးမှူး လျူလဲ့ဟုန်က နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကြေညာလိုက်ခြင်း ဖြစ်သည်။ယခုနှစ် WIC ၏ ရည်ရွယ်ချက်မှာ “အပြန်အလှန်ယုံကြည်မှုနှင့် စုပေါင်းအုပ်ချုပ်ခြင်းအတွက် ဒီဂျစ်တယ်ကမ္ဘာတစ်ခု ဖန်တီးကာ Cyberspace တွင် မျှဝေမှုရှိသောအနာဂတ်နှင့်အတူ အသိုက်အဝန်းတစ်ခုဆီသို့” ဖြစ်သည်။

အဆိုပါ ကွန်ဖရင့်အား နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်အထိ ကျင်းပရန် စီစဉ်ထားပြီး အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ နည်းပညာအသိုင်းအဝိုင်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအား ဖိတ်ကြားထားကြောင်း လျူက ဆိုသည်။ထိုညီလာခံတွင် ဒီဂျစ်တယ်နယ်ပယ်၌ အမြင်ချင်းဖလှယ်ခြင်း၊ အပြန်အလှန်လေ့လာခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မျှဝေခြင်း၊ ကမ္ဘာလုံးဆိုင်ရာ Cyberspace ငြိမ်းချမ်းခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိခြင်း အတွက် တွန်းအားပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကွန်ဖရင့်ကို ဖိုရမ်ခွဲ ၁၉ ခုဖြင့် ကျင်းပမည်ဖြစ်ပြီး “တီထွင်ဆန်းသစ်မှု မောင်းနှင်ခြင်းဖြင့်ဖွံ့ဖြိုးတက်မှု၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး၊ “ပွင့်လင်းမှုနှင့် အားလုံးပါဝင်မှု” နှင့် “ပိုမိုကောင်းမွန်သော ဘဝသို့ လိုက်လျှောက်ခြင်း” နှင့် “ဘုံကြွယ်ဝချမ်းသာမှု” ဟူသော ရည်ရွယ်ချက် ၅ ခုဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဖိုရမ်ခွဲများ၌ ဉာဏ်ရည်တု (AI) ၊ 5G ကွန်ရက်နှင့် ဒီဂျစ်တယ်ပိုးလမ်းမကြီးကဲ့သို့သော အကြောင်းအရာများအား အဓိက ဆွေးနွေးသွားမည်။ပြည်တွင်းနှင့် ပြည်ပရှိ အင်တာနက်ကဏ္ဍ ပညာရှင်များ၏ နောက်ဆုံးပေါ် သုတေသန တွေ့ရှိချက်များအား ပြန်သသွားနိုင်ရန် ၂၀၁၈ ခုနှင့် ကမ္ဘာအင်တာနက် ဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာနှင့် တရုတ်နိုင်ငံ အင်တာနက် ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာအား ထုတ်ပြန်မည်ဖြစ်သည်။အဆိုပါ ကွန်ဖရင့်အား တရုတ်နိုင်ငံ Cyberspace Administration နှင့် ကျဲ့ကျန်းပြည်နယ် ပြည်သူ့အစိုးရတို့က ပူးတွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.