Connect with us

Science & Technology

တရုတ်နိုင်ငံမှ BeiDou-3 ဂြိုဟ်တု ၂လုံး လွှတ်တင်

တရုတ်နိုင်ငံမှ BeiDou-3 ဂြိုဟ်တု ၂လုံး အား ရှီချန် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ စက်တင်ဘာ ၁၉ ရက်ညနေပိုင်းတွင် လွှတ်တင်စဉ် (ဆင်ဟွာ)

ရှီချန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် BeiDou-3 တည်နေရာပြဂြိုဟ်တုသစ် ၂လုံး အား ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံ တစ်စင်းတည်းဖြင့် စက်တင်ဘာ ၁၉ ရက်ညနေပိုင်းတွင် အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။

Long March-3B ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံ သည် ရှီချန် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဒေသစံတော်ချိန် ၁၀း၀၇နာရီတွင် ပျံတက်သွားခဲ့ပြီး ယင်းလွှတ်တင်မှုသည် Long March ဒုံးပျံ၏ ၂၈၅ကြိမ်မြောက် ဖြစ်ကြောင်းသိရသည်။

ဂြိုဟ်တု ၂လုံးသည် BeiDou တည်နေရာပြစနစ် ၏ ၃၇ကြိမ် နှင့် ၃၈ ကြိမ်မြောက်ဖြစ်ကြောင်းသိရသည်။ စမ်းသပ်လုပ်ဆောင်မှုများစွာ ပြုလုပ်ပြီးနောက် ၎င်းတို့သည် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းရှိပြီးသား BeiDou-3 ဂြိုဟ်တု ၁၂ လုံးနှင့် အတူတကွ ချိတ်ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂြိုဟ်တု ၂လုံးသည် ကမ္ဘာတစ်ဝန်းလုံးမှ အသုံးပြုသူများအတွက် အန္တရာယ်သတိပေးမှု နှင့် တည်နေရာပြဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကာ ယခုနှစ် အကုန်မတိုင်မီ BeiDou-3 ဂြိုဟ်တု ၁၈လုံးရှိသည့် အခြေခံစနစ်တခုကို တည်ဆောက်သွားမည်ဖြစ်ပြီး ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းတွင်ပါဝင်သော နိုင်ငံများအတွက် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၁၉ ရက်က လွှတ်တင်ခဲ့သော ဂြိုဟ်တုများ နှင့် ဒုံးပျံအား တရုတ်နိုင်ငံအာကာသနည်းပညာအကယ်ဒမီ နှင့် တရုတ်နိုင်ငံ ယာဉ်များလွှတ်တင်ရေးနည်းပညာ အကယ်ဒမီ တို့မှ အသီးသီး တည်ဆောက်ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.