Connect with us

Science & Technology

တရုတ်နိုင်ငံမှ BeiDou-3 ဂြိုဟ်တု ၂လုံးလွှတ်တင်

တရုတ်နိုင်ငံမှ အောက်တိုဘာ ၁၅ ရက်တွင်လွှတ်တင်ခဲ့သည့် BeiDou-3 တည်နေရာပြဂြိုဟ်တု ၂လုံးအား Long March-3Bဖြင့် သယ်ဆောင်သွားစဉ် (ဆင်ဟွာ)

ရှီချန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ရှီချန်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ Long March-3B ဂြိုဟ်တုသယ်ဆောင်ရေး ဒုံးပျံ ဖြင့် BeiDou-3 တည်နေရာပြဂြိုဟ်တု ၂လုံးကို အောက်တိုဘာ ၁၅ ရက် နေ့လည် ၁၂း၂၃နာရီတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါဂြိုဟ်တုများသည် ပျံသန်းပြီး ၃နာရီကျော်အကြာတွင် စီစဉ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ဝင်ရောက်ခဲ့ပြီး ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းရှိ BeiDou-3 ဂြိုဟ်တု ၁၄လုံးဖြင့် လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းဂြိုဟ်တုများသည် BeiDou တည်နေရာပြစနစ် ၏ ၃၉ခု နှင့် ၄၀ခုမြောက် ဂြိုဟ်တုများဖြစ်ကြပြီး BeiDou-3 ဂြိုဟ်တု အုပ်စု၏ ၁၅ခု နှင့် ၁၆ခုမြောက် ဂြိုဟ်တုများဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၅ ရက်တွင်လွှတ်တင်ခဲ့သော ဂြိုဟ်တုများ နှင့် ဒုံးပံျကို အသေးစားဂြိုဟ်တု တီထွင်ဆန်းသစ်မှု ဆိုင်ရာ တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ နှင့် ယာဉ်လွှတ်တင်မှု နည်းပညာဆိုင်ရာ တရုတ်နိုင်ငံ အကယ်ဒမီ များမှ အသီးသီး ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ယခုလွှတ်တင်မှုသည် Long March အမျိုးအစား ဒုံးပျံ၏ ၂၈၇ကြိမ်မြောက်လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.