Science & Technology
ဝံပုလွေ အရွယ်အစားရှိ ဖျံ ကျောက်ဖြစ်ရုပ်ကြွင်း တရုတ် အနောက်တောင်ပိုင်းမှာ တွေ့ရှိ
ကူမင်း၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)
နှစ်ပေါင်း ၆ သန်းခန့်က ဖျံ ကျောက်ဖြစ်ရုပ်ကြွင်းမျိုးစိပ်သစ်များအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၌ ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
မူလ အခြေအနေအတိုင်း ထိန်းသိမ်းထားရှိသော အဆိုပါ ကျောက်ဖြစ်ရုပ်ကြွင်းတွင် ဦးခေါင်းခွံ၊ မေးရိုးနှင့် အရိုးစု အစိတ်အပိုင်းများ ကျန်ရှိနေသေးသည်ဟု ဆိုသည်။
Siamogale melilutra ဟု အမည်တွင်ပြီး အလေးချိန် ၅၀ ကီလိုဂရမ်ရှိသည့် ဝံပုလွေကဲ့သို့ အရွယ်အစား၊ အရှည် နှစ်မီတာနှင့် ခေတ်သစ် ဖျံ တစ်ကောင် အရွယ်အစား၏ နှစ်ဆနီးပါးရှိသော ဖျံဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ရှိသည့် ဖျံ၏ ဦးခေါင်းခွံအား ကွန်ပြူတာဖြင့် ပုံရိပ်ဖော် မွမ်းမံထိန်းသိမ်းခြင်းအရ ဖျံသဏ္ဍာန်နှင့် ခွေးတူဝက်တူ သတ္တဝါ ပုံသဏ္ဍာန်တို့ ဦးခေါင်းခွံ ပုံစံများနှင့် သွား လက္ခဏာများဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်ကြောင်း တွေ့ရှိခဲ့ရသလို ယင်း မျိုးစိပ်မှာ အရှေ့အာရှတွင် မျိုးသုဉ်း ပျောက်ကွယ်သွားသော ဖျံ အုပ်စု ဖြစ်ကြောင်း လော့စ်အိန်ဂျလိစ် သဘာဝ သမိုင်းပြတိုက်ရှိ ကျောရိုးရှိ ကျောက်ဖြစ်ရုပ်ကြွင်းဆိုင်ရာ လေ့လာရေး ဋ္ဌာမှူး ရှောက်မင် ဝမ်က ပြောကြားခဲ့သည်။
ဖျံများသည် ကုန်းနေရေနေ သတ္တဝါမျိုးများ ဖြစ်ပြီး ခေတ်သစ် ဖျံများမှာ ကမ္ဘာအနှံ့ နေထိုင်ကြသော်လည်း ကျောက်ဖြစ်ရုပ်ကြွင်းအနေဖြင့် မှတ်တမ်း ကျန်ရှိမှု ရှားပါးကြောင်း သိရသည်။
ယခု တွေ့ရှိခဲ့သော မျိုးစိပ်များကို ယူနန်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယခင်က ရှန်ရှီးပြည်နယ်၌ တွေ့ရှိခဲ့ကာ အရှေ့တောင်အာရှမှ တရုတ်နိုင်ငံ တောင်ပိုင်းသို့ ရွေ့လျားလာခဲ့ကြောင်း၊ ပြီးနောက် တရုတ်နိုင်ငံ မြောက်ပိုင်းသို့ ပြောင်းသွားခဲ့ကြောင်း၊ ယင်းသည် တိရစ္ဆာန်များ ဆင့်ကဲ ပြောင်းလဲမှုကို နားလည်ရန်အတွက် သိပ္ပံပညာရှင်များအား အထောက်အပံ့ဖြစ်စေသည်။
ကျောက်ဖြစ်ရုပ်ကြွင်းများအား ၂၀၁၀ ခုနှစ်က ယူနန်ပြည်နယ်၌ ရှေးဟောင်း သုတေသန ပညာရှင်များအဖွဲ့က ကျောက်မီးသွေးတွင်း တစ်ခုတွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တွေ့ရှိမှုများကို တရုတ်၊ အမေရိကန် နှင့် ပြင်သစ်နိုင်ငံများမှ သိပ္ပံပညာရှင်များက Systemmatic Paleontology ၏ နောက်ဆုံးထုတ် ဂျာနယ်တွင် ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း သိရသည်။ (Xinhua)