Connect with us

Science & Technology

၂ဝ၁၈ ခုနှစ်တွင် တရုတ်နိုင်ငံသည် အာကာသ အခြေစိုက် စခန်းတည်ဆောက်မည့် ဒုံးပျံ လွှတ်တင်ရန်ရှိ

တရုတ်နိုင်ငံ အာကာသသိပ္ပံမှ Shenzhou ဒုံးပျံကို လွှတ်တင်နေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ပထမဆုံး အာကာသ အခြေစိုက်စခန်း တည်ဆောင်ပေးမည့် ( Core module ) အဓိက အစိတ်အပိုင်းကို ၂ဝ၁၈ ခုနှစ် အတွင်း လွှတ်တင်သွားရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံ အာကာသသိပ္ပံ နှင့် နည်းပညာတပ်ဖွဲ့မှ အကြီးတန်း အင်ဂျင်နီယာ တစ်ဦးက ဧပြီလ ၁၉ ရက်တွင် ထုတ်ဖော်ပြောကြား လိုက်သည်။

အဆိုပါ အာကာသ အခြေစိုက်စခန်း တည်ဆောက်ပေးမည့် “ Tianhe -1 ” ခေါ် အခြေစိုက်စခန်း၏ အဓိက အစိတ်အပိုင်း ကို အရင်ဦးဆုံး လွှတ်တင်သွားမည် ဖြစ်ပြီး နောက်ပိုင်းတွင် အာကာသ သိပ္ပံ စမ်းသပ်ခန်း နှစ်စင်းကိုလည်း ထပ်မံ လွှတ်တင်သွားရန် စီစဉ်ထားသည်ဟု အာကာသ ဆိုင်ရာ သုတေသနဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Wang Zhongyang ကဆိုသည်။

အာကာသ အခြေစိုက် စခန်း တည်ဆောက်ရေး လုပ်ငန်းစဉ်ကို ၂ဝ၂၂ ခုနှစ်တွင် အပြီးသတ်ရန် မျှော်လင့်ထားကြောင်း Wang ကဆက်ပြောသည်။ အဆိုပါ အာကာသ အခြေစိုက် စခန်းတွင် core module နှင့်အတူ သိပ္ပံ စမ်းသပ်ခန်း နှစ်ခုကို တွဲစပ် တည်ဆောက်သွားရန် စီစဉ်ထားပြီး စမ်းသပ်ခန်း တစ်ခုချင်းစီ၏ အလေးချိန်သည် တန် ၂ဝ ကျော်ခန့်ရှိမည်။

အကယ်၍ နိုင်ငံတကာ အာကသ အခြေစိုက် စခန်းသည် ၂ဝ၂၄ ခုနှစ်တွင် အပြီးသတ် ဖျက်သိမ်းသွားမည် ဆိုပါက တရုတ်နိုင်ငံ၏ အာကာသ အခြေစိုက် စခန်းသစ်သည် အာကာသထဲတွင် တစ်ခုတည်း ကျန်ရှိမည့် အခြေစိုက် စခန်း ဖြစ်လာမည်ဟု Wang ကဆိုသည်။

တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း ဂြိုလ်ပတ်လမ်းထဲသို့ Tiangong-2 အာကာသ ဓာတ်ခွဲခန်း နှင့် Shenzhou -11 အာကာသ လွန်းပျံယာဉ် တို့ကို အသီးသီး လွှတ်တင်သွားရန် ရှိနေပြီး Tiangong-2 ပေါ်တွင် အာကာသယာဉ်မှူး ၂ ဦး လိုက်ပါသွားမည်ဟု သိရသည်။ ထို့ပြင် ၂ဝ၁၇ ခုနှစ်တွင် ကောင်းကင်ဘုံက သင်္ဘောကြီး (heavenly vessel ) ဟု အမည်ပေးထားသည့် အာကာသ ဓာတ်ခွဲခန်း Tianzhou – 1 ကို လွှတ်တင်ပြီး အာကာသတွင် ရောက်ရှိနေသည့် Tiangong-2 နှင့် ချိတ်ဆက်ကာ အရေးကြီးသော လုပ်ငန်းဆောင်တာများကို လုပ်ကိုင်သွားရန် ရှိနေသည်။

တရုတ်နိုင်ငံသည် အာကာသ အခြေစိုက် စခန်းတည်ဆောက်၍ လုပ်ငန်းများ စတင် လည်ပတ်ပြီးချိန်တွင် ၎င်းအခြေစိုက်စခန်း၌ အာကာသ မှန်ပြောင်း (Hubble Space Telescope ) ကိုလည်း တပ်ဆင်သွားရန် စီစဉ်ထားကြောင်း Wang က ပြောသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.