Connect with us

Science & Technology

တရုတ်နိုင်ငံသည် ၂ဝ၂ဝ ပြည့်နှစ် ဝန်းကျင်တွင် အင်္ဂ ါဂြိုဟ်သို့သွားရောက်နိုင်ရန် ရည်မှန်းထား

အင်္ဂါဂြိုဟ် မျက်နှာပြင်အား တွေ့ရစဉ် ( ဆင်ဟွာ )

ပေကျင်း ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂ဝ၂ဝ ပြည့်နှစ် ဝန်းကျင်တွင် အင်္ဂ ါဂြိုဟ် ( Mars ) သို့ပထမဆုံး ခရီးစဉ် သွားရောက် နိုင်ရန် ရည်မှန်းထားကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသ စီမံခန့်ခွဲမှု အဖွဲ့ညွှန်ကြားရေးမှူးက ဧပြီလ ၂၂ ရက်တွင် ကြေညာ လိုက်သည်။

“ အောင်မြင်မှု ရဖို့တော်တော်လေး ခက်ခဲပေမယ့် ခရီးစဉ် တစ်ခုထဲနဲ့ အင်္ဂ ါဂြိုဟ်ကို လှည့်ပတ်ခြင်း ၊ ဂြိုဟ်ပေါ်သို့ဆင်းသက်ခြင်း နှင့် ဂြိုဟ်ပေါ်သွား ယာဉ်ထားခြင်းများ လုပ်ဆောင်နိုင်ရန် ရည်မှန်းထားပါတယ် ” ဟု Xu Dazhe က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲသည် ဧပြီလ ၂၄ ရက်တွင် ကျင်းပ ပြုလုပ်မည့် တရုတ်နိုင်ငံ၏ ပထမဆုံ း ဂြိုလ်တု လွှတ်တင်ခြင်း ၄၆ နှစ်မြောက် အခမ်းအနား မတိုင်မီ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ ဖြစ်သည်။

အင်္ဂါဂြိုဟ် ခရီးစဉ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံ ဗဟိုအစိုးရသည် ဇန်နဝါရီလတွင် အတည်ပြုချက် ပေးခဲ့ခြင်းဖြစ်ကြောင်း နှင့် ခရီးစဉ်၏ အရေးပါမှု နှင့် ခက်ခဲမှုများ အတွက် အလေးထား ဆောင်ရွက်နေခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံသည် အာကာသ အတွင်းပိုင်းထိ အာကာသယာဉ်များ စေလွှတ်ထားပြီး ဖြစ်သော်လည်း အင်္ဂ ါဂြိုဟ် ခရီးစဉ် အလုံးစုံ ပြီးမြောက် အောင်မြင်ခြင်း တစ်ခုတည်းကသာ တရုတ်နိုင်ငံ၏ နက်နဲသော အာကာသ စူးစမ်းလေ့လာမှုကို မှန်ကန်သော သဘောတရားများဖြင့် လုပ်ဆောင်နေခြင်းကို ဖော်ပြနိုင်မည် ဖြစ်ကြောင်း Xu ကဆိုသည်။ ( Xinhua )


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117