Connect with us

Science & Technology

တရုတ်လူမျိုး ၆ဝ ရာခိုင်နှုန်း မိုလ်ဘိုင်းဖုန်းပေါ်ကတဆင့် စာဖတ်နေကြ

တရုတ်နိုင်ငံတွင် တက်ပလက်ကို အသုံးပြု၍ စာဖတ်နေသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသားများသည် စာအုပ်ဖြင့် တစ်ရွက်ခြင်းစီ လှန်၍ စာဖတ်ရခြင်းထက် မိုလ်ဘိုင်းဖုန်းပေါ်ကတဆင့် စာဖတ်ရခြင်းကို ပို၍ နှစ်သက်ကြကြောင်း ဧပြီ ၁၉ ရက်တွင် ထုတ်ပြန်သည့် နိုင်ငံလုံးဆိုင်ရာ စစ်တမ်းအရ သိရသည်။

၂ဝ၁၅ ခုနှစ်တွင် အရွယ်ရောက်ပြီးသူများမှ ဒီဂျစ်တယ် ( ဖုန်း၊ တက်ပလက် ၊ ကွန်ပြူတာ ) စသည်တို့ကိုအသုံးပြု၍ စာဖတ်သူအရေအတွက်မှာ ၆၄ ရာခိုင်နှုန်းကျော် ရှိခဲ့ပြီး ၊ စာအုပ်ကို အသုံးပြု၍ စာဖတ်သူအရေအတွက်မှာ ၅၈.၄ ရာခိုင်နှုန်း ရှိသည်ဟု စာဖတ်ခြင်းအလေ့အကျင့်များ လေ့လာစောင့်ကြည့်ရေး နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံအတွင်းရှိ ပြည်နယ် ၂၉ ခုမှ အရွယ်ရောက်ပြီးသူ ၄၅,၉၁၁ ဦးအား မေးမြန်းထားသော စစ်တမ်းဖြစ်သည်။

အဆိုပါ စစ်တမ်းအား တရုတ်ပုံနှိပ် နှင့် စာအုပ်ထုတ်ဝေရေးအကယ်ဒမီမှ ကောက်ခံခဲ့ခြင်းဖြစ်ပြီး စစ်တမ်းကောက်ယူရာတွင် ပါဝင်ခဲ့သူ ၆ဝ ရာခိုင်နှုန်းကျော်က ၂ဝ၁၅ ခုနှစ်အတွင်း မိုလ်ဘိုင်းဖုန်းမှတဆင့် စာဖတ်ခဲ့ကြသည်ဟုဖြေကြားထားရာ ၂ဝ၁၄ ခုနှစ်ဖြင့် နှိုင်းယှဉ်ပါက ၈.၂ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်းသိရသည်။
၂ဝ၁၅ ခုနှစ်အတွင်း ပျမ်းမျှအားဖြင့် စာအုပ်ဖတ်သူ ၃.၂၆ ဦး ရှိနေချိန်တွင် e-books ဖတ်သူ ၄.၅၈ ဦး ရှိနေသည်။ တရုတ်လူမျိုးအများစုသည် စာအုပ်ကို အသုံးပြု၍ စာဖတ်ခြင်းထက် ဒီဂျစ်တယ်နည်းပညာသုံး ( ဖုန်း ၊ တက်ပလက် ၊ ကွန်ပြူတာ ) စသည်တို့ကို အသုံးပြု၍ စာဖတ်ခြင်းဖြင့် ပို၍ အချိန်ဖြုန်းကြသည်။ ၂ဝ၁၅ ခုနှစ်တွင် မိုလ်ဘိုင်းဖုန်း အသုံးပြု၍ စာဖတ်သူများသည် တစ်ရက်လျှင် မိနစ် ၆ဝ ကျော် နေ့စဉ် စာဖတ်ခဲ့ကြသည်။ ၂ဝ၁၄ ခုနှစ်တွင် မိုလ်ဘိုင်းဖုန်း အသုံးပြု၍ စာဖတ်ချိန်မှာ တစ်ရက်လျှင် ၃၃ မိနစ်ကြာခန့်သာ ရှိသည်။
မိုလ်ဘိုင်းဖုန်း အသုံးပြု၍ စာဖတ်သူများထဲတွင် ၈၇ ရာခိုင်နှုန်းသည် WeChat အက်ပလီကေးရှင်းပေါ်က တဆင့် စာဖတ်နေသူများဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.