Connect with us

Science & Technology

တရုတ် နိုင်ငံ “Chang Zheng – 6” သယ်ယူပို့ဆောင်ရေး ဒုံးပျံ မှ တစ်ကြိမ်တည်းတွင် ဂြိုလ်တု အလုံးပေါင်း ၂၀ သယ်ဆောင် လွှတ်တင်ခြင်း ဖြင့် စံချိန်သစ် တင်နိုင်ခဲ့

“Chang Zheng – 6” သယ်ယူပို့ဆောင်ရေး ဒုံးပျံ အား စက်တင်ဘာ ၂၀ ရက်နေ့ တွင် ထိုက်ယွမ် ဂြိုလ်တု လွှတ်တင် စခန်း မှ လွှတ်တင်လိုက်သည် ကို မြင်တွေ့ခဲ့ရစဉ်(ဆင်ဟွာ)

ထိုက်ယွမ် ၊ စက်တင်ဘာ ၂၀ (ဆင်ဟွာ)

တရုတ် နိုင်ငံ ၏ သယ်ယူ ပို့ဆောင်ရေး ဒုံးပျံ အမျိုးအစားသစ် ဖြစ်သည့် “Chang Zheng – 6” ဒုံးပျံ ကို စက်တင်ဘာ ၂၀ ရက်နေ့ တွင် ထိုက်ယွမ် ဂြိုလ်တု လွှတ်တင် စခန်းမှ အသေးစား ဂြိုလ်တု အလုံး (၂၀) အား သယ်ဆောင်ကာ အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့သဖြင့် တရုတ် နိုင်ငံ အာကာသ စူးစမ်းလေ့လာရေး သမိုင်း တွင် စံချိန်သစ် တစ်ခု ထပ်မံ ဖြစ်ပေါ် စေခဲ့သည်။

“Chang Zheng – 6” သယ်ယူပို့ဆောင်ရေး ဒုံးပျံ သည် အောက်ဆီဂျင် အရည် နှင့် ရေနံဆီ အင်ဂျင်ဖြင့် တွန်းအား စနစ် ပြုလုပ်ထားသော အဆင့် ၃ လောင်စာရည် အမျိုးအစား ဒုံးပျံ ဖြစ်သောကြောင့် လေထု ညစ်ညမ်းမှု နှင့် အဆိပ်အတောက် မဖြစ်ပွား နိုင်ကြောင်း သိရှိရသည်။ ထို့ပြင် ဒုံးပျံ လွတ်တင်ရန် ပြင်ဆင်ချိန် တိုတောင်းပြီး အသေးစား ဂြိုလ်တု လွတ်တင်ရန် အဓိက ပြုလုပ် ထားခြင်း ဖြစ်သည်။ ဤ ဒုံးပျံ ကို တရုတ် နိုင်ငံ အာကာသ သိပ္ပံ ကုမ္ပဏီ ပိုင် ရှန်ဟိုင်း အာကာသ နည်းပညာ သုတေသန ဌာန မှ တီထွင် ပြုလုပ် ခဲ့ခြင်း ဖြစ်ပြီး ယခု တီထွင်ပြုလုပ်မှု အောင်မြင် ခြင်းဖြင့် တရုတ် နိုင်ငံ ၏ လစ်လပ်နေသော အဆိပ်မဲ့ ၊ လေထုညစ်ညမ်းမှု မဲ့ ဒုံးပျံ လိုအပ် ချက် ကို ဖြည့်စွက် နိုင်ခဲ့သည်။ ထို့ပြင် တရုတ် နိုင်ငံ ၏ ဒုံးပျံ အမျိုးအစား ကို တိုးချဲ့ နိုင်ခဲ့ပြီး ဒုံးပျံလွတ်တင်ခြင်း ဆိုင်ရာ လုံခြုံမှု ကို လည်း မြှင့်တင် နိုင်ခဲ့သည်။

“Chang Zheng – 6” သယ်ယူပို့ဆောင်ရေး ဒုံးပျံ ၏ ပထမ ဆုံးအကြိမ် လွှတ်တင်မှု တွင် တရုတ် နိုင်ငံ အာကာသ နည်းပညာ ကုမ္ပဏီ ၊ တရုတ် နိုင်ငံ ကာကွယ်ရေး နည်းပညာ တက္ကသိုလ် ၊ ချင်းဟွာ တက္ကသိုလ် ၊ ကျဲ့ကျန်း တက္ကသိုလ် ၊ ဟားအဲ့ပင်း စက်မှု တက္ကသိုလ် စသည့် ဌာန များမှ အသေးစား ဂြိုလ်တု အလုံးပေါင်း (၂၀) ကို သယ်ဆောင်ကာ အာကာသ နည်းပညာ ၊ တည်ဆောက်မှု ပုံစံသစ် ၊ စက်ပစ္စည်း အမျိုးစားသစ် စသည် တို့ကို အာကာသ တွင် စမ်းသပ်မှု များပြုလုပ် မည် ဖြစ်ပြီး တရုတ် နိုင်ငံ အသေးစား ဂြိုလ်တု နည်းပညာ စမ်းသပ်မှု အတွက် လွန်စွာ အရေးပါကြောင်း သိရှိရသည်။

“Chang Zheng – 6” သယ်ယူပို့ဆောင်ရေး ဒုံးပျံ ၏ ပထမ ဆုံးအကြိမ် လွှတ်တင်မှု တွင် ဒီဇိုင်းရေးဆွဲမှု မှန်ကန် တိကျခြင်း ၊ ဒုံးပျံ ဟန်ချက် ညီမျှမှု ရှိခြင်း ၊ ဒုံးပျံ တစ်ခု တည်းဖြင့် ဂြိုလ်တု များစွာ သယ်ဆောင် နိုင်ခြင်း ၊ ဂြိုလ်တု များ ခွဲထွက် ဖြန့်ဝေ နိုင်ခြင်း နှင့် ဂြိုလ်လမ်းကြောင်း အတွင်း ပို့ဆောင်ခြင်း စသည့် နည်းပညာ များတွင် အရေးပါသော အချက်အလက်များစွာ ကို လည်း ရရှိနိုင်ခဲ့သည်။

ယခု လွှတ်တင်မှု သည် တရုတ် နိုင်ငံ Chang Zheng အမျိုးအစား ဒုံးပျံ များ လွတ်တင်ခြင်း ၏ ၂၁၀ ကြိမ်မြောက် လွတ်တင်ခြင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.