Connect with us

Science & Technology

အမေရိကန် နိုင်ငံ အနောက်ပိုင်းတွင် တည်ဆောက်မည့် အမြန်ရထားလမ်း စီမံကိန်း အပါအဝင် တရုတ်-အမေရိကန် ပူးပေါင်း ဆောင်ရွက်မှု ၃ ခု တွင် အရေးပါသည့် ရလဒ်များ ရရှိ

တရုတ် နိုင်ငံမှ တည်ဆောက် ထုတ်လုပ်သည့် အမြန်ရထား တစ်စင်း အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)

တရုတ်-အမေရိကန် နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းများ ၏ ပူးပေါင်း ဆောင်ရွက်မှု ကဏ္ဍများ အတွင်း မှ အရေးကြီး ပူးပေါင်း ဆောင်ရွက်မှု ၃ ခု တွင် လက်တွေ့ကျပြီး အရေးပါသည့် ရလာဒ် များ ရရှိခဲ့ပြီး ဖြစ်ကြောင်း စက်တင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သော တရုတ်-အမေရိကန် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အခြေအနေ နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံ ဗဟို ငွေကြေး ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဆူကောကျိန်းမှ ပြောကြား ခဲ့သည်။

၎င်းတို့မှာ ပထမ တစ်ခု အနေဖြင့် တရုတ် နိုင်ငံ အမြန်ရထားလမ်း တည်ဆောက်ရေး ကုမ္ပဏီ မှ ဦးဆောင်သည့် စုပေါင်းအဖွဲ့ နှင့် အမေရိကန် အနောက်ပိုင်း အမြန်လမ်း တည်ဆောက်ရေး ကုမ္ပဏီ တို့မှ ပူးပေါင်း တည်ဆောက်မည့် အမေရိကန် နိုင်ငံ အနောက်ပိုင်း အမြန်ရထားလမ်း တည်ဆောက်ရေး စီမံကိန်း ဖြစ်သည်။ အဆိုပါကုမ္ပဏီ တို့မှ စက်တင်ဘာ ၁၃ ရက်နေ့က Las Vegas မြို့တွင် ပူးပေါင်းရင်းနှီးမြှုပ်နှံခြင်း ဆိုင်ရာ သဘောတူညီမှု လက်မှတ် ရေးထိုး နိုင်ခဲ့သည်။ ထို အမြန်ရထားလမ်း သည် Las Vegas မြို့ မှ Los Angeles မြို့ အထိ မိုင်ပေါင်း ၃၇၀ ကီလိုမီတာ ရှည်လျားကာ ခန့်မှန်းခြေ ၂၀၁၆ ခုနှစ် စက်တင်ဘာလ တွင် စတင် တည်ဆောက်မည် ဖြစ်သည်။

ဒုတိယ တစ်ခု မှာ တရုတ် နိုင်ငံ စက်မှု ယန္တရား အထောက်အပံ့ စီမံကိန်း ကုမ္ပဏီ နှင့် အမေရိကန် General Electric Company တို့၏ အာဖရိက တိုက် စွမ်းအင် သန့်စင်ရေး စီမံကိန်း ဖြစ်သည်။ ထိုကုမ္ပဏီနှစ်ခုသည် စက်တင်ဘာလ ၁၆ ရက်နေ့က ပေကျင်းမြို့တွင် မဟာဗျူဟာ ပူပေါင်းမှု စာချွန်လွှာ လက်မှတ်ရေးထိုး ခဲ့ကြပြီး အာဖရိက တိုက်အတွင်း စွမ်းအင် သန့်စင်ရေး စီမံကိန်း များကို ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်သည်။ နှစ်ဖက် နိုင်ငံ ကုမ္ပဏီ များမှ Kenya လေအား လျှပ်စစ် ပူးပေါင်းမှု စီမံကိန်း အား စံပြ ပူးပေါင်းဆောင်ရွက်မှု အဖြစ် ပြုလုပ်မည် ဖြစ်သည်။ ထိုစီမံကိန်းသည် လျှပ်စစ် ဓာတ်အား ၁.၇ မီဂါဝပ် ထုတ်လုပ်သည့် လေအား လျှပ်စစ်ထုတ် စက်ရုံအခုပေါင်း ၆၀ နှင့် စုစုပေါင်း သိုလှောင်မှု ပမာဏ ၁၀၂ မီဂါဝပ် ရှိသည့် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန် ဒေါ်လာ ၃၂၇ သန်း ရှိသော စီမံကိန်း ဖြစ်သည်။

တတိယ တစ်ခုမှာ တရုတ်-အမေရိကန် လုပ်ငန်များမှ ပူးပေါင်းရင်းနှီးမြှုပ်နှံသည့် ဆောက်လုပ်ရေး ပစ္စည်း ဖောင်ဒေရှင်း စီမံကိန်း ဖြစ်သည်။ ထို စီမံကိန်း သည် တရုတ် နိုင်ငံ ဗဟို ငွေကြေး ဌာန နှင့် အမေရိကန် Paulson ဖောင်ဒေးရှင်း တို့မှ အတူတကွ ထူထောင်ခဲ့သည့် ဆောက်လုပ်ရေး ပစ္စည်း ဖောင်ဒေးရှင်း ဖြစ်ပြီး တရုတ် နိုင်ငံ ဆောင်လုပ်ရေး လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်သွားမည် ဖြစ်သည်။

တရုတ် နိုင်ငံ ဗဟို ငွေကြေး ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဆူကောကျိန်း မှ တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် ၏ အမေရိကန် နိုင်ငံ သို့ လည်ပတ်ရေး ခရီးစဉ်သည် တရုတ်-အမေရိကန် ဆက်ဆံရေး သမိုင်း၏ သမိုင်းတွင် စေမည့် အရေးကြီး ကိစ္စရပ် တစ်ခု ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း မှ လည်း အထူး စိတ်ဝင်စား နေသည့် ကိစ္စရပ် တစ်ခု ဖြစ်ကြောင်း ၊ တရုတ်-အမေရိကန် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်းသည် နှစ်နိုင်ငံပြည်သူ လူထု နှင့် ကမ္ဘာ့နိုင်ငံ အသီးသီး အတွက်လည်း အကျိုးရှိစေကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.