Connect with us

Science & Technology

တရုတ်နိုင်ငံက COVID-19 ကာကွယ်ဆေးဆိုင်ရာ ၎င်း၏ကတိကဝတ်အပေါ် ဂုဏ်ယူလျက်ရှိ

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ Sinovac Biotech Ltd. တွင် ဝန်ထမ်းတစ်ဦးက COVID-19 inactivated ကာကွယ်ဆေး နမူနာ ပြသနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် COVID-19 ကာကွယ်ဆေးများ သင့်တင့်မျှတစွာ ရရှိနိုင်ရန် ခိုင်မာသော ဆောင်ရွက်ချက်များနှင့်အတူ ကတိကဝတ်များကို ဖြည့်ဆည်းလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၁၅ ရက်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ကာကွယ်ဆေးကုမ္ပဏီများသည် ၎င်းတို့၏ ကာကွယ်ဆေး သုတေသနနှင့် ဖော်ထုတ်မှု အဆင့်မြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုကို လျှော့သွားမည်မဟုတ်ကြောင်းနှင့် ကာကွယ်ဆေးများစွာသည်လည်း လက်တွေ့စမ်းသပ်မှုအဆင့်-၃ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အစိုးရအနေဖြင့် တရုတ်ကုမ္ပဏီများနှင့် အခြားသောနိုင်ငံများအကြား ကာကွယ်ဆေး သုတေသနနှင့် ဖော်ထုတ်မှုများတွင် ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ ပံ့ပိုးပေးလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးနှင့် ကာကွယ်ဆေးထိုးနှံခြင်း မိတ်ဖက်အဖွဲ့ (Global Alliance for Vaccines and Immunization) တို့နှင့် အနီးကပ် ဆက်သွယ်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံ အစိုးရသည် နိုင်ငံများအားလုံး ဘေးကင်း၍ အစွမ်းထက်သော ကာကွယ်ဆေးများ သာတူညီမျှရရှိနိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အတူတကွ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ မဖွံ့ဖြိုးသေးသည့်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံအချို့အတွက်လည်း ကူညီခြင်းမှတစ်ဆင့် ကာကွယ်ဆေး သင့်တင့်မျှတစွာ ရရှိရေး ကူညီသွားမည်ဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။

COVID-19 ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့်ဆိုင်ရာ မေးခွန်း မေးမြန်းရာ၌ ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံသည် ဘေးကင်း၍ အစွမ်းထက်သော ကာကွယ်ဆေးဖြစ်ရန် အမြဲတစေ အလွန်တရာအလေးထားပါကြောင်း ဖြေကြားခဲ့သည်။

“တရုတ်နိုင်ငံရဲ့ ကာကွယ်ဆေးကုမ္ပဏီတွေဟာ သိပ္ပံနှင့် စည်းမျဉ်း လိုအပ်ချက်များ တင်းကြပ်ထားချက်အရ သုတေသနနဲ့ ဖော်ထုတ်မှုတွေကို အဆင့်မြှင့်ထားလျက်ရှိပြီး နိုင်ငံတကာ စံချိန်စံညွှန်းများနဲ့ ဆက်စပ်တဲ့ ဥပဒေတွေ စည်းမျဉ်းတွေအရ ကြပ်ကြပ်မတ်မတ်လိုက်နာမှုအောက်မှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပါဝင်လျက်ရှိပါတယ်” ဟု ဝမ်က ဆိုသည်။

အချို့သောနိုင်ငံများသည် တရုတ်နိုင်ငံ၏ ဘေးကင်းမှုနှင့် အစွမ်းထက်မှုကို အတည်ပြုထားသည့် ကာကွယ်ဆေးကို အသုံးပြုရန်အတွက် ခွင့်ပြုထားပြီးဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

“ကျွန်တော်တို့က အခြားနိုင်ငံတွေနဲ့ ကာကွယ်ဆေး သုတေသနနဲ့ ဖော်ထုတ်မှုတွေ အဆင့်မြှင့်တင်ရာမှာ အတူတကွ လုပ်ဆောင်ဖို့ အသင့်ရှိပါတယ်။ ပြီးတော့ ကမ္ဘာမှာ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကာကွယ်ဆေး သင့်တင့်မျှတစွာနဲ့ ရရှိနိုင်ရေး ကူညီသွားမှာဖြစ်ပြီး ကမ္ဘာကြီးအနေနဲ့ ကပ်ရောဂါကို ဆောလျင်စွာ နှိမ်နင်းနိုင်မှာဖြစ်ပါတယ်” ဟု ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

—————————————-
(English Version)

China honors its commitments on COVID-19 vaccine

BEIJING, Dec. 15 (Xinhua) — China is fulfilling its commitments with concrete actions to ensure the accessibility and affordability of COVID-19 vaccines in developing countries, a Foreign Ministry spokesperson said Tuesday.

Chinese vaccine companies are sparing no effort to advance their vaccine research and development, and several vaccines have entered phase-three clinical trials, spokesperson Wang Wenbin said at a daily news briefing in response to a relevant question.

The Chinese government has been actively supporting cooperation between Chinese companies and other countries in vaccine research and development, he said, adding that China is in close communication and cooperation with the World Health Organization and the Global Alliance for Vaccines and Immunization.
The Chinese government will continue to work together with the international community to help ensure all countries will have equal access to safe and effective vaccines. For underdeveloped or some developing countries, China will help with their vaccine accessibility and affordability through such means as aid, Wang said.
When answering a question on the transparency in authorizing emergency use of the COVID-19 vaccine, the spokesperson said China always attaches great importance to vaccine safety and efficacy.

“Chinese vaccine companies advance research and development in strict accordance with science and regulation requirements and engage in international cooperation in strict compliance with international standards and relevant laws and regulations,” said Wang.

He said that some countries had already approved China’s vaccine for use, which had proved the safety and efficacy of China’s vaccine.
“We stand ready to work with other countries to advance vaccine research and development cooperation and contribute to vaccine accessibility and affordability in the world, in particular developing countries so the world can vanquish the pandemic at an early date,” Wang added. Enditem

A staff member displays samples of the COVID-19 inactivated vaccine at Sinovac Biotech Ltd., in Beijing, capital of China, March 16, 2020. (Xinhua/Zhang Yuwei)