Connect with us

Science & Technology

“ထျန်းဝန်-၁ (Tianwen-1)” စူးစမ်းလေ့လာရေး အာကာသယာဉ်သည် ကမ္ဘာဂြိုဟ်မှ ကီလိုမီတာ သန်း ၁၀၀ ကျော် အကွာအဝေးသို့ ရောက်ရှိ

ပေကျင်း အာကာသယာဉ်ထိန်းချုပ်ရေးစင်တာ (BACC)တွင် အာကာသသိပ္ပံနည်းပညာရှင်များ အလုပ်လုပ်ကိုင်နေသည်ကို အောက်တိုဘာ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဒီဇင်ဘာ ၁၄ ရက် ၂၁ နာရီအထိ “ထျန်းဝန်-၁ (Tianwen-1)”၏အာကာသအတွင်းပျံသန်းမှုသည်၁၄၄ ရက်ကြာမြင့်ခဲ့ပြီး ခရီးအရှည်အားဖြင့် ကီလိုမီတာ သန်းပေါင်း ၃၆၀ ခန့် ထိ ပျံသန်းခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ ယင်းအာကာသယာဉ်သည် ကမ္ဘာဂြိုဟ်မှ အကွာအဝေး ကီလိုမီတာ သန်း ၁၀၀ ကျော် ၊ အင်္ဂါဂြိုဟ်မှ အကွာအဝေး ကီလိုမီတာ ၁၂ သန်းခန့်သို့ ရောက်ရှိနေပြီဖြစ်ရာ ပျံသန်းမှုအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှု ဦးစီးဌာန(CNSA)၏ ဒီဇင်ဘာ ၁၅ ရက် ပြောကြားချက်များအရ သိရသည်။

အာကာသ ဝတ္ထု၊ နေလကြယ်စင် နက္ခတ်စု(Astronomical object)များ၏ရွှေ့လျားမှု နိယာမကြောင့် အင်္ဂါဂြိုဟ်နှင့် ကမ္ဘာဂြိုဟ်၏ အကွာအဝေးသည် ကီလိုမီတာ သန်း ၅၀ မှ သန်း ၄၀၀ အထိ အလှည့်ကျ ပုံမှန်ပြောင်းလဲလျက်ရှိကြောင်း မိတ်ဆက်ပြောကြားချက်များအရ သိရသည်။

ပေကျင်း အာကာသယာဉ်ထိန်းချုပ်ရေးစင်တာ (BACC)တွင် အာကာသသိပ္ပံနည်းပညာရှင်များ အလုပ်လုပ်ကိုင်နေသည်ကို အောက်တိုဘာ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ထျန်းဝန်-၁ (Tianwen-1)” အာကာသယာဉ်သည် အင်္ဂါဂြိုဟ်အနီးသို့ ရောက်ရှိချိန်တွင် ကမ္ဘာဂြိုဟ်မှ ကီလိုမီတာ သန်းပေါင်း ၁၉၀ ခန့် ကွာဝေးမည်ဖြစ်ကြောင်း သိရသည်။ဇူလိုင် ၂၃ ရက်က လွှတ်တင်ခဲ့သည့် “ထျန်းဝန်-၁ (Tianwen-1)”သည် ကမ္ဘာနှင့်လ ပူးတွဲဓာတ်ပုံရိုက်ကူးခြင်း၊ အာကာသယာဉ် selfies ဓာတ်ပုံရိုက်ကူးခြင်း၊ ပတ်လမ်းကြောင်း တည့်မတ်မှု ၃ ကြိမ် ပြုလုပ်ခြင်း၊ deep-space maneuver ၁ ကြိမ် ပြုလုပ်ခြင်းနှင့် self-checks on multiple payloadsများ ပြုလုပ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပေကျင်း အာကာသယာဉ်ထိန်းချုပ်ရေးစင်တာ (BACC)တွင် အာကာသသိပ္ပံနည်းပညာရှင်များ အလုပ်လုပ်ကိုင်နေသည်ကို အောက်တိုဘာ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နောက်ဆက်တွဲအနေဖြင့် ဂြိုဟ်ပတ်လမ်းကြောင်းတည့်မတ်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် လာမည့်နှစ် ဖေဖော်ဝါရီ လလယ်ပိုင်းတွင် အင်္ဂါဂြိုဟ်သို့ ချဉ်းကပ်ပြီး အရှိန်သတ်ကာ ဂြိုဟ်ပတ်လမ်းကြောင်းသို့ ဝင်ရောက်၍ အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်သို့ ဆင်းသက်ရန်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)

——————————————–
(Chinese Version)

(“天问一号”探火)“天问一号”探测器距离地球超过1亿公里

新华社北京12月15日电(记者胡喆)记者15日从国家航天局获悉,截至12月14日21时,“天问一号”探测器已在轨飞行144天,飞行里程约3.6亿公里,距离地球超过1亿公里,距离火星约1200万公里,飞行状态良好。

据介绍,受天体运动规律影响,火星与地球距离在0.5亿公里至4亿多公里周期性变化。“天问一号”探测器到达火星附近时,距离地球约1.9亿公里。“天问一号”自7月23日发射以来,已成功完成地月合照、探测器“自拍”、三次中途修正、一次深空机动、载荷自检等工作。

后续,还将进行数次轨道修正,预计明年2月中旬接近火星后,实施“刹车”制动进入环火轨道,为火星着陆作准备。(完)

图说(1)- 10月9日,在北京航天飞行控制中心,航天科技人员在现场工作。 新华社记者 才扬 摄