Connect with us

Science & Technology

ကမ္ဘာသို့ပြန်လည်ရောက်ရှိလာမည့် Chang’e-5 အာကာသယာဉ်၏ နမူနာပစ္စည်းသယ်ဆောင်ခန်းအတွက် တရုတ်နိုင်ငံ မြောက်ပိုင်း အသင့်ပြင်ဆင်ထား

တရုတ်နိုင်ငံ၏ Chang'e-5 အာကာသယာဉ် ကမ္ဘာဂြိုဟ်သို့ ပြန်လာသည့် လမ်းကြောင်း ဂြိုဟ်ပတ်လမ်းကြောင်း တည့်မတ်ခြင်း သရုပ်ပြပုံကို တွေ့ရစဉ် (ဓာတ်ပုံ - CNSA/Handout via Xinhua)

ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

Chang’e-5 အာကာသယာဉ်သည် လမျက်နှာပြင်မှ နမူနာပစ္စည်းများကို ကမ္ဘာမြေထံသို့ ပြန်လည်ယူဆောင်လာပြီ ဖြစ်သဖြင့် ၎င်းယာဉ်ဆင်းသက်မည့် လျာထားနေရာဖြစ်သော တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် အသင့်ပြင်ဆင်ထားလျက်ရှိကြောင်း ခရီးစဉ်၏ နမူနာပစ္စည်းရှာဖွေရေးနှင့် ပြန်လည်သယ်ဆောင်ရေးအဖွဲ့က ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ကြမ်းတမ်းသော ရာသီဥတု၊ ထူထပ်သောဆီးနှင်းများ၊ နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း၏ အရွယ်အစားသေးငယ်မှုနှင့် ယာဉ်ပြန်လာရေး အထူးနည်းလမ်း စသည့် စိန်ခေါ်မှုများနှင့် ကိုက်ညီစေရန် နမူနာပစ္စည်းရှာဖွေရေးနှင့် ပြန်လည်သယ်ဆောင်ရေးအဖွဲ့က ယာဉ်ဆင်းသက်မည့်နေရာတွင် ညအချိန် ရှာဖွေမှု စွမ်းဆောင်ရည်များနှင့် ကိရိယာ ဆောင်ရွက်မှုများ စမ်းသပ်ရန် လေ့ကျင်းမှုပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Chang’e-5 ယာဉ်၏ နမူနာပစ္စည်းများပြန်လည်သယ်ယူခန်းသည် တရုတ်နိုင်ငံ၏ လူလိုက်ပါမောင်းနှင်သော အာကာသယာဉ်အခန်း၏ အရွယ်အစားထက် ခုနှစ်ပုံတစ်ပုံသာရှိပြီး ဆင်းသက်မည့်ဧရိယာမှာ ၁၆ ဆ ပိုမိုကြီးမားကြောင်းနှင့် ရှာဖွေရေးမစ်ရှင်အတွက် အခက်အခဲများရှိကြောင်း သိရသည်။

နမူနာပစ္စည်း ပြန်လည်သယ်ဆောင်လာသော Chang’e-5 ယာဉ်သည် ကျယ်ပြန့်၍ သီးခြားဧရိယာတွင် ထိန်းချုပ်ရန်နှင့် ရလဒ်ရရှိရန် ခက်ခဲနိုင်သည့် အာကာသမှ ကမ္ဘာသို့ ခုန်နေသည့်ကျောက်တုံးအသွင်ကဲ့သို့ ခုန်ပျံဝင်ရောက်မှုနည်းလမ်း (skip reentry method) ကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ရှာဖွေရေးအဖွဲ့မှ Bian Hanchengက ပြောခဲ့သည်။

ရှာဖွေရေးအဖွဲ့သည် ယင်းစိန်ခေါ်မှုများကို ရင်ဆိုင်ရန် နည်းပညာဆောင်ရွက်ချက်များစွာ လုပ်ဆောင်ခဲ့သည်။ နမူနာပစ္စည်းသယ်ယူခန်းကို ပြန်လည်ကောက်ယူမှု၌ လမ်းညွှန်ရန် စနစ်တကျရေဒါ အချက်အလက်များအား ရဟတ်ယာဉ်များနှင့် မော်တော်ယာဉ်များထံ ပေးပို့သွားမည်ဖြစ်သည်။

အဆိုပါ အဖွဲ့သည် ယာဉ်ဆင်းသက်မည့်ဧရိယာ၏ မြေပြင်အနေအထား လေ့လာမှုအကြိမ် ၃၀ နီးပါး ပြုလုပ်ခဲ့ကြောင်း သိရသည်။

Chang’e-5 သည် တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာရေး သမိုင်းတွင် ရှုပ်ထွေးပြီး စိန်ခေါ်မှုအရှိဆုံး လုပ်ငန်းစဉ်များအနက် တစ်ခုဖြစ်သလို နှစ်ပေါင်း ၄၀ ကျော်အတွင်း ကမ္ဘာ့ပထမဆုံး လမျက်နှာပြင်-နမူနာပစ္စည်း ယူဆောင်ခြင်းလုပ်ငန်းလည်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံက ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ် (orbiter) ၊ လပေါ်ဆင်းသက်ယာဉ် (lander) ၊ လပေါ်မှနမူနာပစ္စည်းများနှင့် ပျံတက်ယာဉ် (ascender) နှင့် နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း (returner) တို့ကို ပေါင်းစည်းထားသော Chang’e-5 အာကာသယာဉ်အား နိုဝင်ဘာ ၂၄ ရက်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း၊ lander-ascender ပေါင်းစပ်ယာဉ်သည် လမျက်နှာပြင်၏ အနီးဆုံးဘက်ခြမ်း၊ မုန်တိုင်းများ၏ သမုဒ္ဒရာဟု လူသိများသော Oceanus Procellarum ရှိ Mons Rumker ၏ မြောက်ဘက်ပေါ်၌ ဒီဇင်ဘာ ၁ ရက်က ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အာကာသစူးစမ်းလေ့လာရေးယာဉ် Returner သည် တရုတ်နိုင်ငံ၏ မြောက်ပိုင်း အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Siziwang Banner သို့ ဒီဇင်ဘာလလယ်တွင် ဆင်းသက်နိုင်မည်ဟု မျှော်မှန်းထားကြောင်းသိရသည်။ (Xinhua)

————————————————-
(English Version)

North China readies for homecoming of Chang’e-5’s capsule

BEIJING, Dec. 15 (Xinhua) — As the Chang’e-5 probe will bring moon samples back to Earth, its preset landing site in Siziwang Banner in north China’s Inner Mongolia Autonomous Region is ready for its return, according to the search and retrieval team of the mission on Tuesday.

To meet the challenges brought by harsh weather, heavy snow, the small size of the return capsule and the special returning method, the search and retrieval team in the landing site has conducted several drills to test its night-time searching abilities and equipment performance.

The return capsule of Chang’e-5 probe is only one-seventh the size of the return capsule of China’s manned spaceship, however, its landing area is 16 times larger, adding difficulties to the search mission.

According to Bian Hancheng from the search team, the probe on the Chang’e-5 return capsule will adopt a skip reentry method mimicking a skipping stone, which will make it difficult to control and result in a particularly large retrieval area.

The search team has taken many technical measures to face those challenges. The processed radar data will be sent to the helicopters and vehicles to guide them in the retrieval of the capsule.
The team also conducted nearly 30 terrain surveys of the landing area.
Chang’e-5 is one of the most complicated and challenging missions in China’s aerospace history. It is also the world’s first moon-sample mission in more than 40 years.

The Chang’e-5 probe, comprising of an orbiter, lander, ascender and a returner, was launched on Nov. 24, and its lander-ascender combination touched down on the north of the Mons Rumker in Oceanus Procellarum, also known as the Ocean of Storms, on the near side of the moon on Dec. 1.
The returner of the probe is expected to land at the Siziwang Banner in north China’s Inner Mongolia Autonomous Region in mid-December. Enditem
This simulated image shows the orbital correction en route to Earth of China’s Chang’e-5 probe. (CNSA/Handout via Xinhua)