Science & Technology
တရုတ်နိုင်ငံ က သုတေသနပြု ဒုံးပျံ Kunpeng-1B အား လွှတ်တင်

ဟိုင်းခို၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သိပ္ပံပညာရှင်များသည် သုတေသနပြု ဒုံးပျံ တစ်စင်းအား တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန် ပြည်နယ် မှ ဧပြီလ ၂၇ ရက် နံနက် အစောပိုင်းတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
Kunpeng-1B အမည်ရှိ အဆိုပါ ဒုံးပျံအား Danzhou မြို့ရှိ အမျိုးသား အာကာသ သိပ္ပံ စင်တာ (NSSC) က နံနက် ၂ နာရီတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုံးပျံသည် အပေါ်ယံ လေထု အတွင်း တိုင်းတာမှုများ ပြုလုပ်မည် ဖြစ်ပြီး ယင်းတိုင်းတာမှုများသည် သုတေသနပြု ဒုံးပျံ ဆိုင်ရာ သုတေသန လုပ်ငန်းများ၊ မြန်နှုန်းမြင့် ပျံသန်းမှုများနှင့် အာကာသ ခရီးသွားလာမှုများ အတွက် ကူညီထောက်ပံ့ ပေးနိုင်မည် ဖြစ်ကြောင်း NSSC က ပြောကြားခဲ့သည်။
ယင်း ဒုံးပျံသည် အမြင့်ပေ ၃၁၆ ကီလိုမီတာ အထိ တက်သွားခဲ့ပြီး ပျံသန်းမှု ခရီးစဉ် တစ်ခုလုံး အတွက် ကြာချိန် ၁၀ မိနစ် ရှိခဲ့ကြောင်း သိရသည်။
NSSC အကြီးအကဲ ဝူကျိက သုတေသနပြု ဒုံးပျံများသည် အာကာသ အတွင်း ရှာဖွေ လေ့လာရေးနှင့် သိပ္ပံဆိုင်ရာ လေ့လာ စမ်းသပ်မှုများ အတွက် အရေးပါသည့် ကိရိယာများ ဖြစ်ပြီး ရူပဗေဒဆိုင်ရာ ထူးဆန်း ဖြစ်စဉ် များဖြစ်သည့် ဘူမိ သံလိုက် စက်ကွင်းများ၊ cosmic ray များနှင့် ခရမ်းလွန် ရောင်ခြည်များကို လေ့လာနိုင်ရန် ကူညီပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)