Connect with us

Science & Technology

တရုတ်နိုင်ငံတွင် ဒရုန်းအသုံးပြု၍ စိုက်ခင်းများကို ပိုးသတ်ဆေးဖြန်း

တရုတ်နိုင်ငံတွင် ဒရုန်းအသုံးပြု၍ စိုက်ခင်းများကို ပိုးသတ်ဆေး ဖြန်းနေစဉ် (ဆင်ဟွာ)

ဟဲပေ၊ မေ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် Botou မြို့၊ Anzhuang ရွာရှိ ဂျုံ စိုက်ခင်းများတွင် နည်းပညာရှင်များ က ဒရုန်းယာဉ်ပျံ အသုံးပြု၍ မေလ ၅ ရက်က ပိုးသတ်ဆေး ဖြန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသရှိ စပါးခင်း ၅,၃၃၃ ဟက်တာ အား ဒရုန်းဖြင့် ပိုးသတ်ဆေးဖြန်းခဲ့ပြီး ဝ.၀၆၇ ဟက်တာလျှင် ၂ မိနစ် နှုန်းဖြင့် ပက်ဖြန်းနိုင်သောကြောင့် ဆေးဖြန်းနိုင်မှု စွမ်းရည် ထိရောက်ေ ကာင်းမွန်လာကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ဒရုန်းအသုံးပြု၍ စိုက်ခင်းများကို ပိုးသတ်ဆေး ဖြန်းနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ဒရုန်းအသုံးပြု၍ စိုက်ခင်းများကို ပိုးသတ်ဆေး ဖြန်းနေစဉ် (ဆင်ဟွာ)

ဒရုန်းအသုံးပြု ၍ ပိုးသတ်ဆေးဖြန်းခြင်းသည် သာမန် ပိုးသတ်ဆေးဖြန်းခြင်း ထက် ရေ ၉၀ ရာခိုင်နှုန်းနှင့် ပိုးသတ်ဆေး ၄၀ ရာခိုင်နှုန်း အသုံးပြုမှု ပိုမို လျော့နည်းစေကြောင်း သိရသည်။

အဆိုပါ ဒရုန်း စနစ်တွင် ရေမှုန်ရေမွှား ထွက်စေသည့် စနစ်၊ စွမ်းအားမြင့် စုပ်စက် တစ်လုံးနှင့် ပိုးသတ်ဆေး ထည့်ရန် ပုံးတစ်လုံး ပါဝင်ကြောင်း သိရသည်။ (Xinhua)