ကူမင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် 5G ကွန်ရက်တပ်ဆင်ထားပြီး ဟီလီယံဓာတ်ငွေ့ဖြင့် အမြင့်တက်နိုင်သော မောင်းသူမဲ့လေသင်္ဘောအား အောင်မြင်စွာစမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။
ရှီးအန်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် Jingbian ကောင်တီရှိ မောင်းသူမဲ့လေယာဉ်များ (ဒရုန်း)အတွက် ပထမဆုံး ပညာရပ်ဆိုင်ရာစမ်းသပ်မှု အခြေစိုက်စခန်းသည်လုပ်ငန်းတာဝန်များ စတင်ထမ်းဆောင်နေပြီဖြစ်ကာ နိုင်ငံ၏ UAV လုပ်ငန်းကွင်းဆက်၌ လစ်ဟာမှုကို ဖြည့်တင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုက်ယွမ် ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ စက်တင်ဘာ ၇ ရက် ပေကျင်းစံတော်ချိန် နံနက် ၁၁ နာရီ ၁ မိနစ်တွင် အာကာသအတွင်းသို့ ကမ္ဘာမြေလေ့လာရေးဂြိုဟ်တုသစ်တစ်စင်းအား လွှတ်တင်ခဲ့ကြောင်း သိရသည်။ Gaofen-5 02 ဂြိုဟ်တုအား Long...
ဟောင်ကောင် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်အာကာသယာဉ်မှူး သုံးဦးသည် အာကာသမှနေ၍ ဟောင်ကောင်လူငယ်ကိုယ်စားလှယ်များနှင့် စက်တင်ဘာ ၃ ရက် မွန်းလွှဲပိုင်းတွင် စကားစမြည်းပြောဆိုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် သီးခြားထုတ်လုပ်ထားသော AG600 ကုန်း၊ ရေ နှစ်သွယ်သွား လေယာဉ်ကြီးသည် လာမည့် တရုတ်လေကြောင်းပြပွဲတွင် ပထမဆုံး လေကြောင်းပြပွဲပျံသန်းမှု တင်ဆက်ပြသမည်ဖြစ်ကြောင်း လေယာဉ်ထုတ်လုပ်သူ တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) အရ သိရသည်။
ပေကျင်း ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ယခုအထိ 5G အခြေစိုက်စခန်း ၉၉၃,၀၀၀ အား တည်ဆောက်ခဲ့ပြီး ကောင်တီများ၏ ၉၅ ရာခိုင်နှုန်းကျော် နှင့် ကျေးလက်မြို့နယ်များ၏ ၃၅ ရာခိုင်နှုန်းကျော် လွှမ်းခြုံထားကြောင်း စက်မှု နှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ဩဂုတ်...
ပေကျင်း၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် (rover) ကျူးလုံ (Zhurong) သည် မေ ၂၂ ရက်က အင်္ဂါဂြိုဟ်ပေါ်သို့ စတင်ရောက်ရှိပြီးချိန်မှစ၍ ဂြိုဟ်နီကြီး (အင်္ဂါဂြိုဟ်) မျက်နှာပြင် စူးစမ်းရှာဖွေရေး ရက်ပေါင်း ၁၀၀ ကုန်ဆုံးသွားပြီဖြစ်ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန...
အာဒစ်အာဘာဘာ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) အီသီယိုးပီးယားနိုင်ငံ တွင် ဟွာဝေးကုမ္ပဏီက ဦးစီးကျင်းပသော တတိယမြောက် အမျိုးသားသတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ (ICT) ပြိုင်ပွဲ ဖြစ်သည့် ဟွာဝေးအိုင်စီတီပြိုင်ပွဲ အီသီယိုးပီးယား ၂၀၂၁ ပြိုင်ပွဲတွင် ဆုရရှိသူများအား တရုတ်တယ်လီကွန်း ကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေးက သြဂုတ် ၂၆ ရက်တွင် ဆုချီးမြှင့်ခဲ့သည်။
ထိုက်ယွမ်၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာက Tianhui II-02အုပ်စု ဂြိုဟ်တုကို Long March-4B ဒုံးပျံဖြင့် ဩဂုတ် ၁၉ ရက် နံနက် ၆ နာရီ ၃၂ မိနစ်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ရာ သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ ရောက်ရှိသွားပြီဖြစ်၍ ဂြိုဟ်တုလွှတ်တင်ရေးတာဝန် အပြည့်အဝအောင်မြင်မှုရရှိခဲ့ကြောင်း...
ပေကျင်း ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ၂၀၂၂ ခုနှစ်တွင် နိုင်ငံတစ်ဝှမ်း ဒီဂျစ်တယ်ယာဉ်မောင်းလိုင်စင် ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း ပြည်သူ့လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ဩဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။