Connect with us

China

တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ်တွင် 5G အခြေစိုက်စခန်း ၈၄,၀၀၀ တည်ဆောက်ထား

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့တွင် 5G အခြေစိုက်စခန်း တည်ဆောက်ရေးလုပ်ငန်းခွင်၌ အလုပ်လုပ်နေသူများကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုက်ယွမ်၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်းရှိ ကျောက်မီးသွေး အဓိကထုတ်လုပ်သောပြည်နယ်ဖြစ်သည့် ဆန်းရှီးပြည်နယ်တွင် 5G အခြေစိုက်စခန်း စုစုပေါင်း ၈၄,၀၀၀ တည်ဆောက်ပြီးစီးခဲ့ကြောင်း ယင်းပြည်နယ် မြို့တော် ထိုက်ယွမ်ရှိ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ထိပ်သီးအစည်းအဝေးအရ သိရသည်။

ဆန်းရှီးပြည်နယ်ရှိ အုပ်ချုပ်ရေးကျေးရွာများ၌ 5G လွှမ်းခြုံမှုသည် ယခုနှစ်ကုန်ပိုင်းတွင် ၇၅ ရာခိုင်နှုန်းအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။
အဆိုပါ ပြည်နယ်၌ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းက 5G အခြေစိုက်စခန်း ၆၇,၀၀၀ ရှိခဲ့ကြောင်း၊ ယခုနှစ်တွင်မူ 5G အခြေစိုက်စခန်းအသစ် ၂၅,၀၀၀ တည်ဆောက်သွားမည်ဖြစ်ရာ စုစုပေါင်း 5G အခြေစိုက်စခန်း ၉၂,၀၀၀ အထိ ရှိလာမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် 5G နည်းပညာများနှင့် ကွန်ရက်များ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် မြို့ကြီးများနှင့် မြို့များအားလုံးအပြင် ကျေးရွာအများစုတွင် 5G ကွန်ရက်လွှမ်းခြုံမှု ရရှိရန် ရည်မှန်းထားကြောင်း တရုတ်နိုင်ငံ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ ထုတ်ပြန်သော ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအရ သိရသည်။ (Xinhua)

………………………………
(English Version)
84,000 5G base stations built up in China’s Shanxi
TAIYUAN, Aug. 24 (Xinhua) — A total of 84,000 5G base stations have been built up in Shanxi, a major coal-producing province in north China, according to a digital economy development summit held in the provincial capital, Taiyuan City.
The 5G coverage in administrative villages in Shanxi is expected to reach 75 percent by the end of the year.
By the end of 2022, Shanxi had 67,000 5G base stations. This year, Shanxi will build 25,000 new 5G base stations, bringing the total number of 5G base stations in the province to 92,000.
China has sped up its efforts to develop 5G technologies and networks. By 2025, China aims to achieve 5G network coverage in all cities and towns, as well as most villages, according to a development plan on digital infrastructure issued by the Ministry of Industry and Information Technology.
Photo: Aerial photo taken on April 15, 2020 shows people working at the construction site of a 5G base station in Chongqing, southwest China. (Xinhua/Wang Quanchao)