ရှီးချန်း ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက APSTAR-6D အမည်ပေးထားသော စီးပွားဖြစ် ဆက်သွယ်ရေး ဂြိုဟ်တုအသစ်တစ်စင်းကို နိုင်ငံ အနောက်တောင်ပိုင်းရှိ ရှီးချန်း ဂြိုဟ်တု လွှတ်တင်ရေးစင်တာမှ သတ်မှတ်ဂြိုလ်ပတ်လမ်းအတွင်းသို့ ဇူလိုင် ၉ ရက်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ချင်းဟိုင်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)
ပေကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အသစ်လွှတ်တင်လိုက်သော ရုပ်ထွက်မြင့်မားသည့် ဘက်စုံပုံရိပ်ဖတ်ဂြိုဟ်တုထံမှ အချက်အလက်များကို အောင်မြင်စွာ လက်ခံရရှိခဲ့ကြောင်း တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ (CAS) က ဇူလိုင် ၇ ရက်တွင် ပြောကြားလိုက်သည်။
ကျိုချွမ်း၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကျိုချွမ်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Shiyan-6 စီးရီး ဒုတိယမြောက်ဂြိုဟ်တုကို Long March-2Dဒုံးပျံတွင် တင်ဆောင်၍ သတ်မှတ် ဂြိုဟ်ပတ်လမ်းကြောင်းသို့ရောက်အောင် ဇူလိုင် ၅ ရက် နံနက် ၇ နာရီ ၄၄ မိနစ်တွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံ ကျိုချွမ်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ...
ပေကျင်း ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားနေလင့်ကစား နိုင်ငံ၏ အင်တာနက် နှင့် ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ယခုနှစ် ပထမ ငါးလတွင် အမြတ်ငွေရရှိမှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။
ရှန်ဟိုင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) အလီဘာဘာအုပ်စုက ဂျာမန်ကားထုတ်လုပ်သူ BMW နှင့်အတူ တရုတ်နိုင်ငံ အင်တာနက်နှင့် မော်တော်ကားလုပ်ငန်းများအတွက် ရှန်ဟိုင်းမြို့တွင် တီထွင်ဆန်းသစ်မှုအဆောက်အအုံကို ပူးတွဲထူထောင်ရန် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတစ်ခုကို ဇူလိုင် ၃ ရက်က တည်ထောင်လိုက်ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဓာတ်အားလိုင်းကော်ပိုရေးရှင်းက ဆင်းရဲနွမ်းပါးမှုမြင့်မားသော ဒေသများတွင် လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းမှာ ပြီးစီးသွားပြီဖြစ်ကြောင်း ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။
ထိုက်ယွမ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ရုပ်ထွက်မြင့်မားသော ဘက်စုံစနစ်ပုံရိပ်ဖတ်ဂြိုဟ်တုတစ်စင်းကို စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇူလိုင် ၃ ရက်က အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။
ဝူးလူမုချီ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ထုတ်လုပ်သော C919 ခရီးသည်တင်လေယာဉ်ကြီးအား နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂေါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထူလူဖန်းမြို့အတွင်း မြင့်မားသောအပူချိန်တွင် စမ်းသပ်ပျံသန်းမှုများ စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထျန်းကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် အဓိက ဉာဏ်ရည်တုပြပွဲတစ်ခုဖြစ်သော စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ဉာဏ်ရည်တုကွန်ဂရက် (World Intelligence Congress) အား ထျန်းကျင်းမြို့တွင် ပြုလုပ်ခဲ့ပြီး စီမံကိန်း ၁၄၈ ခုကို အွန်လိုင်းမှတစ်ဆင့် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။