ပေကျင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) Shenzhou-13 အာကာသယာဉ်အဖွဲ့ဝင်များဖြစ်သော ကျိုက်ကျစ်ကန်း (Zhai Zhigang) နှင့် ဝမ်ရာဖိန် (Wang Yaping) နှင့် ယဲ့ကွမ်းဖု (Ye Guangfu) တို့က တရုတ်နိုင်ငံ၏ အာကာသစခန်းမှနေ၍ ဒီဇင်ဘာ ၉ ရက်မွန်းလွဲပိုင်းက ကမ္ဘာမြေပေါ်ရှိ ကျောင်းသူ၊...
ဝူးလူမုချီ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါလူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စွမ်းအင်တည်ဆောက်မှုအား တိုးတက်ကောင်းမွန်အောင်နှင့်လေထုညစ်ညမ်းမှုကို တိုက်ဖျက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုနှစ် ၁၀ လကြာကာလတွင် စွမ်းအင်သစ်၏ဓါတ်အား ထုတ်လုပ်မှုပမာဏ ကိန်းဂဏန်းနှစ်လုံးထိ တိုးတက်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်အာကာသလမ်းကြောင်းထောက်လှမ်းရေး သင်္ဘော Yuanwang-6 သည် ဂြိုဟ်တုစောင့်ကြည်ရေးတာဝန် သုံးခု ပြီးဆုံးပြီးနောက် ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် သင်္ဘောစတင်ထွက်ခွာခဲ့ရာ မူလဆိပ်ကမ်းသို့ ပြန်သွားခဲ့ကြောင်း သိရသည်။
ကျိုချွမ် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ CERES-1 Y2 သယ်ဆောင်ရေးဒုံးပျံအား ဒီဇင်ဘာ ၇ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ Shenzhou-12 မစ်ရှင် အာကာသယာဉ်မှူး ၃ ဦးသည် ဒီဇင်ဘာ ၇ ရက်က စာနယ်ဇင်းများနှင့် တွေ့ဆုံခဲ့ကြောင်း၊ စက်တင်ဘာလက ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ကနဦးပြန်လည်နာလန်ထူလာချိန်မှစ၍ လူထုအကြား ပထမဆုံးပေါ်ထွက်လာခြင်းလည်း ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၇ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အများပြည်သူအတွက် အခြေခံအဆောက်အအုံ၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည့် အသေးစားနှင့် အလတ်စား လေဆိပ်များ ချောမွေ့စွာလည်ပတ်နိုင်စေရန် ကြိုးပမ်းသွားမည်ဟု မြို့ပြလေကြောင်းအာဏာပိုင်များက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ မြို့ပြလေကြောင်းဦးစီးဌာန (CAAC) သည် ထောက်ပံ့ရေးမူဝါဒများကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ပြီး နှစ်စဉ်ခရီးသည် ၂ သန်းထက်နည်းသော လေဆိပ်များသို့...
ပေကျင်း၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် အမျိုးသား ဉာဏ်ရည်တု (AI) တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်မှု ရှေ့ပြေးဇုန် ၁၇ ခုအား တည်ဆောက်လျက်ရှိကြောင်း တရုတ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး Li Meng က ချင်းဟွာတက္ကသိုလ်တွင် ဒီဇင်ဘာ ၄...
ဆန်းရ ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ သိပ္ပံသုတေသနသင်္ဘော Tansuo-1 သည် အနောက်ပစိဖိတ်သမုဒ္ဒရာရှိ Mariana Trench တွင် သမုဒ္ဒရာနက်ပိုင်း စူးစမ်းလေ့လာရေးအား အလုံးစုံပြီးမြောက်အောင်ဆောင်ရွက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၅ ရက်တွင် တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့ရှိ ဆိပ်ကမ်းတစ်ခုသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။...
ပေကျင်း ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ၂၀၃၀ ပြည့်နှစ် မတိုင်မီ လမျက်နှာပြင်ပေါ်သို့ လူသား(အာကာသယာဉ်မှူး)တစ်ဦး ဆင်းသက်ခြေချနိုင်ရေး စေလွှတ်ရန်မှာ တရုတ်နိုင်ငံအတွက် “ လုံးဝဖြစ်နိုင်ဖွယ် ” ရှိကြောင်း အာကာသစူးစမ်းလေ့လာရေးဆိုင်ရာ တရုတ်နိုင်ငံ၏ အဆင့်မြင့်သိပ္ပံပညာရှင်တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။ “ ကျွန်တော့်ပုဂ္ဂိုလ်ရေးထင်မြင်ယူဆချက်ပါ ၊ လမျက်နှာပြင်ပေါ် လူသားဆင်းသက်ခြေချဖို့...
ချုံချင် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစပယ်ဒေသ၌ တရုတ်နည်းပညာကုမ္ပဏီကြီး ဖြစ်သည့် Baidu က ထုတ်လုပ်သည့် မောင်းသူမဲ့ ဘတ်စ်ကား ၃ စီးအား စီးပွားဖြစ် စမ်းသပ်ပြေးဆွဲမှုများ စတင်ခဲ့ကြောင်း သိရသည်။ Robobus ဟု အမည်ပေးထားသည့် ယင်းဘတ်စ်ကားများသည် အရှည်...