Connect with us

China

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့တွင် ၂၀၂၇ ခုနှစ်၌ နည်းပညာလုပ်ငန်းပေါင်း ၁၀၀,၀၀၀ နီးပါးရှိလာနိုင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့၌ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၂ ရက်က ကျင်းပခဲ့သော Smart China Expo 2022 တွင် သတင်းထောက်တစ်ဦးက တုံ့ပြန်နိုင်စွမ်းရှိသော ပရိုဂရမ်တစ်ခုကို စမ်းသပ်ကြည့်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းချုံချင့်မြို့တွင် လာမည့်ငါးနှစ်အတွင်း မြို့တော်ရှိ နည်းပညာလုပ်ငန်းများ အရေအတွက်ကို မြှင့်တင်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် နည်းပညာလုပ်ငန်း ၁၀၀,၀၀၀နီးပါးအထိ တိုးမြှင့်သွားရန် ရည်မှန်းထားကြောင်း သိရသည်။
ချုံချင့်မြို့၌ ၂၀၂၇ ခုနှစ်အတွင်းတွင် အဆင့်မြင့်နည်းပညာလုပ်ငန်း အရေအတွက် စုစုပေါင်း ၁၂,၈၀၀ ထက်ကျော်လွန်သွားမည်ဖြစ်ကြောင်း မတ် ၃၁ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုအရ သိရသည်။

ချုံချင့်မြို့က စဉ်ဆက်မပြတ် မောင်းနှင်အားအသစ်ကို ပျိုးထောင်၍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာ သစ်များကို တိုးချဲ့ခဲ့သည်။ ချုံချင့်မြို့၏ GDP သည် ၂၀၂၂ ခုနှစ်တွင် ပျမ်းမျှအားဖြင့် ယွမ် ၂.၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၂၂ ဘီလီယံခန့်) ရှိခဲ့ပြီး လွန်ခဲ့သည့်ငါးနှစ်အတွင်း ပျမ်းမျှအားဖြင့် နှစ်စဉ် ၅.၃ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ချုံချင့်မြို့အစိုးရ၏ လုပ်ငန်းအစီရင်ခံစာအရ သိရသည်။ (Xinhua)

……………………………….
(English Version)
SW China’s Chongqing to have nearly 100,000 technology enterprises in 2027
CHONGQING, March 31 (Xinhua) — Southwest China’s Chongqing Municipality will boost the number of technology firms in the municipality over the next five years, with the goal of increasing the figure to nearly 100,000 by 2027.
Among the total, the number of high-tech firms in Chongqing will exceed 12,800 by 2027, according to a press conference held on Friday.
Chongqing has continuously cultivated new growth drivers and expanded new space for development. In the past five years, Chongqing’s GDP registered an average annual increase of around 5.3 percent to exceed an estimated 2.9 trillion yuan (about 422 billion U.S. dollars) in 2022, according to the municipal government work report. ■
(1) A journalist tries out an interactive application at the Smart China Expo 2022 in southwest China’s Chongqing, Aug. 22, 2022. (Xinhua/Wang Quanchao)