ပေကျင်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံတွင် ခရီးသည်နှင့် ကုန်ပစ္စည်း ရထားသယ်ယူပို့ဆောင်မှုစွမ်းရည်ကို မြှင့်တင်ရန်အတွက် ရထားပြေးဆွဲမှုစီမံကိန်းသစ်ကို ယနေ့ (ဇန်နဝါရီ ၂၀ ရက်)က စတင်လိုက်ကြောင်း တရုတ်နိုင်ငံ မီးရထားဌာနမှ သိရသည်။
ချန်ရှီး၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ချိန်တူး-ကွေ့ယန် မြန်နှုန်းမြင့် ရထားလမ်း၏ ရှီးချီမြစ်ကူးတံတားကြီးသည် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ပိကျယ်မြို့ ဝူမုန်ဆန်းတောင်ရှိ ရှီးချီ ချောက်ကမ်းပါးကို အလျားလိုက်ချိတ်ဆက်ထားခြင်း ဖြစ်သည်။
ရှီးချန်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ မိုဘိုင်းဆက်သွယ်ရေး ဂြိုဟ်တုအသစ်တစ်စင်းကို ဇန်နဝါရီ ၂၀ ရက်က အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ၏ WJ-700 မောင်းသူမဲ့လေယာဉ်သည် ပင်လယ်ရေမျက်နှာပြင်အမြင့်၊ အမြန်နှုန်းနှင့် အချိန်ကြာမြင့်စွာပျံသန်းနိုင်သော ကင်းထောက်ဗုံးကြဲလေယာဉ်ဖြစ်ပြီး ပွဲဦးထွက်ပျံသန်းခြင်း ပြုလုပ်ခဲ့ကြောင်း လေယာဉ်တည်ဆောက်သူက ဇန်နဝါရီ ၁၃ ရက်တွင် ကြေညာခဲ့သည်။
လန်ကျိုး၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ရာသီဥတုမွမ်းမံမှုဆိုင်ရာ မောင်းသူမဲ့ ဒရုန်းလေယာဉ် “Ganlin-1”သည် ဇန်နဝါရီ ၆ ရက် ၁၅ နာရီ ၂၄ မိနစ် ၅၆ စက္ကန့်က တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကျင်းချန်းမြို့ ကျင်းချွမ်းလေဆိပ်တွင် စတင်စမ်းသပ်ပျံသန်းခဲ့ကြောင်း သိရသည်။
ဟယ်ဖေ ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး ကမ္ဘာ့လူသားသမိုင်းတွင် လွန်ခဲ့သော ၃၂ နှစ် က သုတေသန စမ်းသပ်ခန်း၌ ကွမ်တန်ဆက်သွယ်ရေး စတင်ထွက်ပေါ်လာခဲ့ပြီး ထိုအချိန်က ကွမ်တန်ဆက်သွယ်ရေး ပို့ဆောင်ပေးခဲ့သည့် အကွာအဝေးသည် ၃၂ စင်တီမီတာ ဖြစ်သည်။
ရှန်ဟိုင်း၊ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ အမြင့် ၄၈၀ မီတာရှိ အထင်ကရအဆောက်အဦသစ်တစ်လုံးကို North Bund တွင် တည်ဆောက်သွားရန် စီစဉ်နေပြီး ယင်းသည် ရှန်ဟိုင်းမြို့၏ Bund ကမ်းနားလမ်းကို ပိုမိုချဲ့ထွင်ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး “ထျန်းဝန်-၁(Tianwen-1)”အာကာသစူးစမ်းလေ့လာရေးယာဉ်သည် ဇန်နဝါရီ ၃ ရက် ၆ နာရီ အချိန်အထိဆိုလျှင်(၁၆၃ရက်ကြာ ပျံသန်းပြီးဖြစ်ရာ ပျံသန်းမှုခရီးအကွာအဝေး ကီလိုမီတာ သန်းပေါင်း(၄၀၀)ကျော်ထိရောက်ရှိနေပြီဖြစ်ကြောင်း နှင့် ကမ္ဘာမြေမှ အကွာအဝေး ကီလိုမီတာ သန်းပေါင်း (၁၃၀)၊ အင်္ဂါဂြိုဟ်မှ အကွာအဝေး ကီလိုမီတာ(၈.၃)သန်း နေရာသို့...
ပေကျင်း၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံက လာမည့်နှစ်တွင် 5G အခြေစိုက်စခန်း ၆၀၀,၀၀၀ ကျော် တည်ဆောက်မည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဝန်ကြီး Xiao Yaqing က ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်သော...
ဟူးဟောက်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံတွင် ထုတ်လုပ်သော C919 ခရီးသည်တင်လေယာဉ်ကြီးသည် နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Hulunbuir မြို့တွင် အေးသောရာသီဥတု၌ စမ်းသပ်ပျံသန်းမှုများ စတင်ခဲ့ကြောင်း သိရသည်။